အပြင်အစာ စားသုံးတာကို လျော့ချနိုင်မယ့် နည်းလမ်းများ

ကျန်းမာတဲ့ဘဝပုံစံကို ရရှိစေဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် အပြင်စာတွေ ဝယ်စားတာထက် အိမ်မှာချက်ပြုတ်စားသောက်သင့်ပါတယ်။ ဒီတစ်ခါမှာတော့ စားသောက်ဆိုင်က အစားအစာတွေ၊ အသင့်စားအစားအစာတွေ စားတာလျှော့ချပြီး ကိုယ့်အိမ်မှာကိုယ်ချက်စားတဲ့အကျင့်ကို ရရှိစေနိုင်မယ့် အချက်လေးတွေကို တင်ပြပေးလိုက်ပါတယ်။

တစ်ပတ်စာ ချက်မယ့်စာရင်းလုပ်ပါ။

ဈေးဝယ်မထွက်ခင် ဒီတစ်ပတ်မှာ ဘာတွေချက်စားမလဲဆိုတာ စာရင်းလုပ်ပါ။ တစ်ပတ်စာ ဝယ်ထားတာကြောင့် အပြင်စာဝယ်စားတာကို လျှော့ချနိုင်မှာပါ။

ရေခဲသေတ္တာနဲ့ ရင်းနှီးမှုရှိပါ။

တစ်ချို့ဟင်းလျာတွေကို နောက်နေ့တွေမှာ အသင့်စားသုံးနိုင်အောင် ပြင်ဆင်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ ဒါဆိုရင် ချက်ပြုတ်ဖို့အချိန်မရှိရင်တောင် ပြင်ဆင်ပြီး အသားဟင်းလျာတွေကို နွှေးပြီးစားနိုင်ပါတယ်။

နည်းလမ်းကို အသုံးပြုပါ။ ချက်ပြုတ်နည်းတွေကို အသုံးမပြုပါနဲ့။

ချက်ပြုတ်နည်းတစ်ခုတည်းကိုပဲ အသုံးပြုပြီးမချက်ပါနဲ့။ ကိုယ်ချက်ချင်တဲ့နည်းလမ်းကို သုံးပြီး ကိုယ်ကြိုက်နှစ်သက်သလို ချက်စားပါ။

ရိုးရှင်းစွာ ချက်ပြုတ်ပါ။

တကယ်လို့ သင့်မှာ ချက်ပြုတ်ဖို့အချိန်အများကြီးပေးနိုင်တယ်ဆိုရင်တော့ သင့်စိတ်တိုင်းကျ ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ အချိန်မရှိရင်တော့ အာဟာရဖြစ်မယ့် ဟင်းလျာတွေကို ရိုးရိုးရှင်းရှင်း ချက်ပြုတ်စားသောက်နိုင်ပါတယ်။

မဂ္ဂဇင်းတွေ၊ Blog တွေကနေ ဟင်းချက်နည်းတွေ လေ့လာပါ။

နေ့တိုင်းချက်ပြုတ်နေရတာတွေကို ရိုးအီနေပြီဆိုရင် Cooking မဂ္ဂဇင်းတွေ၊ Blog တွေက ဟင်းချက်နည်းတွေကို လေ့လာပြီး တစ်မျိုးဆန်းတဲ့ ဟင်းလျာတွေကို ချက်ပြုတ်စားသောက်နိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *