အဖမ္းခံလုိက္ရတဲ႔ ဝိန္းရြန္းနီ

အဲဗာတန္အသင္းရဲ႕ အဂၤလန္လက္ေရြးစင္ တုိက္စစ္မွဴးေဟာင္း ဝိန္းရြန္းနီဟာ ၿပီးခဲ႔တဲ႔ ၾကာသပေတးေန႔ညက ခ်က္ရွုိင္းယားေဒသမွာ အရက္မူးရင္း ကားေမာင္းခဲ႔တဲ႔အတြက္ ရဲတပ္ဖြဲ႕ဝင္မ်ားရဲ႕ ဖမ္းဆီးထိန္းသိမ္းျခင္းကုိ ခံလုိက္ရပါတယ္။

အသက္ ၃၁ႏွစ္အရႊယ္ရွိ တုိက္စစ္မွဴးရြန္းနီဟာ အဂၤလန္အသင္းအတြက္ ၁၁၉ပြဲ ပါဝင္ကစားထားေပးၿပီး ၅၃ဂုိး သြင္းယူေပးထားကာ အဂၤလန္အသင္းရဲ႕ ဂုိးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္ထားခဲ႔ေပမယ့္ ၿပီးခဲ႔တဲ႔ ရက္သတၱပတ္ခန္႔ကပဲ အဂၤလန္လက္ေရြးစင္အသင္းကေန အနားယူခဲ႔လုိက္တာျဖစ္ပါတယ္။ ရြန္းနီဟာ ၿပီးခဲ႔တဲ႔ ၂၀၁၆ခုႏွစ္ ႏုိဝင္ဘာလတုန္းကလည္း အရက္မူးၿပီး ပါတီပြဲတစ္ခုကုိ ေသာင္းက်န္းမိခဲ႔လုိ႔ ဖမ္းဆီးထိန္းသိမ္းခံခဲ႔ရပါေသးတယ္။ အခုအခ်ိန္ ဖမ္းဆီးခံရမႈမွာလည္း မ်က္ျမင္သက္ေသေတြရဲ႕ ေျပာဆုိခ်က္အရ ရြန္းနီဟာ အေတာ္ေလးကုိ အရက္မူးေနတဲ႔ပုံစံ ရွိေနခဲ႔တယ္လုိ႔ သိရပါတယ္။ ရြန္းနီဟာ ဒီႏွစ္ေဘာလုံးရာသီမွာ ၁၃ႏွစ္ၾကာ ပါဝင္ကစားထားခဲ႔တဲ႔ မန္ယူအသင္းကေန အသင္းေဟာင္း အဲဗာတန္ကုိ ေျပာင္းေရႊ႕လာခဲ႔တာျဖစ္ၿပီး ပရီးမီးယားလိဂ္သြင္းဂုိ္း ႏွစ္ဂုိးသြင္းယူေပးထားႏုိင္ခဲ႔ပါတယ္ခင္ဗ်ာ။

Unicode : အဖမ်းခံလိုက်ရတဲ့ ဝိန်းရွန်းနီ

Wayne Rooney

အဲဗာတန်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက ချက်ရှိုင်းယားဒေသမှာ အရက်မူးရင်း ကားမောင်းခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်များရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရပါတယ်။

အသက် ၃၁နှစ်အရွှယ်ရှိ တိုက်စစ်မှူးရွန်းနီဟာ အင်္ဂလန်အသင်းအတွက် ၁၁၉ပွဲ ပါဝင်ကစားထားပေးပြီး ၅၃ဂိုး သွင်းယူပေးထားကာ အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်ခန့်ကပဲ အင်္ဂလန်လက်ရွေးစင်အသင်းကနေ အနားယူခဲ့လိုက်တာဖြစ်ပါတယ်။ ရွန်းနီဟာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် နိုဝင်ဘာလတုန်းကလည်း အရက်မူးပြီး ပါတီပွဲတစ်ခုကို သောင်းကျန်းမိခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသေးတယ်။ အခုအချိန် ဖမ်းဆီးခံရမှုမှာလည်း မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ ရွန်းနီဟာ အတော်လေးကို အရက်မူးနေတဲ့ပုံစံ ရှိနေခဲ့တယ်လို့ သိရပါတယ်။ ရွန်းနီဟာ ဒီနှစ်ဘောလုံးရာသီမှာ ၁၃နှစ်ကြာ ပါဝင်ကစားထားခဲ့တဲ့ မန်ယူအသင်းကနေ အသင်းဟောင်း အဲဗာတန်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး နှစ်ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်ခင်ဗျာ။

Leave a comment

Your email address will not be published. Required fields are marked *