အဖော်မရှိလို့ အိမ်ကကြောင်ကို ကျောင်းကပွဲသို့ အဖော်ခေါ်သွားတဲ့ Sam လူမှုကွန်ရက်တွင် နာမည်ကြီး

အသက် (၁၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Sam Steingard ဟာ ကျောင်းကပွဲသွားဖို့အတွက် အဖော်မရှိသဖြင့် သူ့အိမ် တွင် မွေးထားသော Ruby ဟုအမည်ပေးထားသည့် ကြောင်မလေးကို အဖော်အဖြစ် ခေါ်ဆောင်သွားခဲ့ရာမှ လူမှုကွန် ရက်ပေါ်တွင် နာမည်ကြီးသွားခဲ့ပါတယ်။

ကြောင်မလေးRubyကို မွေးထားတာ (၁၀)နှစ်လောက်ရှိပြီး သူ့ကို Ruby အမည်ရှိစားသောက်ဆိုင်၏ အနောက် ဘက်မှ ကောက်ရသဖြင့် Ruby ဟု အမည်ပေးထားတယ်လို့ သိရှိရပါတယ်။ Ruby ၏ ပွဲတက်ဝတ်စုံကို Sam ၏ မိခင်က စီစဉ်ပေးခဲ့ပြီး Ruby နှင့် Sam တို့ရဲ့ ပုံကို Sam ရဲ့ အစ်မဖြစ်သူ Caroline က ရိုက်ပေးခဲ့ကာ Imgur တွင် တင်ခဲ့ရာမှ စပြီး နာမည်ကြီးသွားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ Sam ဟာ သူ၏ ကြောင်မလေးကို အလွန်ချစ် တဲ့အတွက် ပွဲတက်ဖို့ရန် အဖော်မရှိတာနဲ့ Ruby ကို ခေါ်ဆောင်သွားဖို့ရန် အကြံရရှိသွားတာဖြစ်တယ်လို့ သိရှိရ ပါတယ်။

သင်ဆိုရင်ရော ကြောင်တစ်ကောင်နှင့် တွဲပြီး ကပွဲသွားဖို့ကို စဉ်းစားမိမှာလား၊ စဉ်းစားမိမယ်ဆိုရင်ရော သွားရဲဖို့ဆိုတာ မလွယ်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။ သို့သော် Sam ကတော့ တကယ်လက်တွေ့ လုပ်ပြနိုင်ခဲ့ပြီးဖြစ်ပါတယ်။

Source : Elite Readers News

Leave a comment

Your email address will not be published. Required fields are marked *