အဖြေထက် မေးစရာတွေကို ပိုဖြစ်စေခဲ့တဲ့ သိပ္ပံနယ်ပယ်ထဲက ရှာဖွေတွေ့ရှိမှု ၇ ခု

တစ်ခါတစ်လေကျ ရင်လူတွေက သူတို့အကုန်လုံးကို သိတယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် ရှာဖွေတွေ့ရှိမှုအသစ်တွေ ရောက်ရှိလာချိန်မှာတော့ အားလုံးသိပါတယ်ဆိုတဲ့သူတွေ နလပိန်းတုံးတွေဖြစ်ကုန်ကြပါတယ်။

၁။ Embryo Mummy

၂၀ ရာစုအစမှာ သိပ္ပံပညာရှင်တွေက ကျောက်တလား အသေးစားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အစပိုင်းမှာတော့ ဒီတွေ့ရှိမှုက လူတွေကို အံ့အားမသင့်စေခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေးအီဂျစ်က ဒီလိုကျောက်တလားတွေမှာ လူသေတွေရဲ့အစိတ်အပိုင်းကို မြှပ်နှံလေ့ရှိခဲ့တာကြောင့်ပါ။ ဒါပေမယ့် ပုံမှာပြထားတဲ့အတိုင်း ၎င်း ကျောက်တလားမှာ လူသေရဲ့ အင်္ဂါအစိတ်အပိုင်း မြှပ်နှံထားခြင်းမရှိပါဘူး။ အခေါင်းထဲမှာရှိနေတာက ကလေးငယ် အလောင်းလို့ယူဆရပါတယ်။ ကလေးငယ်သေပြီးတဲ့အချိန်မှာ embryo လေးဟာ ၁၆  ကနေ ၁၈ ပတ်အတွင်း ဖွံ့ဖြိုးလာခဲ့တယ်လို့ ယူဆရပါတယ်။ ကျောက်တလားကို တွက်ချက်ကြည့်မယ်ဆိုရင် B.C ၆၆၄ ကနေ ၅၂၅ အတွင်းဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီ မံမီရှာဖွေတွေ့ရှိမှုကို သိပ္ပံပညာရှင်တွေက ထင်ရှားတဲ့ရှာဖွေတွေ့ရှိမှုလို့ သတ်မှတ်ထားပြီး အဲ့လိုသတ်မှတ်ရခြင်းကတော့ ဒီမံမီဟာ မံမီတွေထဲမှာ အငယ်ဆုံးဖြစ်နေလို့ပါတဲ့။

၂။ ပယ်လယ်သေ  အတွင်းက စာပေလွှာ

ပယ်လယ်သေ စာပေလွှာဟာ ရှေးဟောင်းသုတေသန ရှာဖွေမှုသမိုင်းမှာ အရေးကြီးဆုံးရှာဖွေတွေ့ရှိမှုတစ်ခုပါ။ နှစ်ပေါင်းများစွာအတွင်းမှာ သိပ္ပံပညာရှင်တွေက ပင်လယ်သေ အနားမှာ ဂူတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ပေလွှာပေါ် မှာ ထောင်ချီတဲ့ စာမှုအရေးအသား အစိတ်အပိုင်းတွေကို တွေ့ရပါတယ်။ ၎င်းမှာရေးသားထားတဲ့ သတင်းအချက်အလက်တွေဟာ ဟီဘရူး ကျမ်းစာမှာရေးသားထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ လတ်တလောမှာတော့ သိပ္ပံပညာရှင်တွေက စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုရင်တော့ အချက်အလက်တွေ များများရှာတွေ့လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒီ စာပေလွှာကိုတော့ ဂျေရုစလင်က အစ္စရေး ပြတိုက်မှာ ပြသထားပါတယ်။

၃။ Chichen Itza ချီချန်အစ်ဇ ပိရမစ်

အယ်ကစ်စတီလီယို ပိရမစ်ဟာ ယူကန်တန် ကျွန်းဆွယ်က မက်စီကိုမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ၎င်းပိရမစ်ကို A.D ၁ သန်းရာစုနှစ်က တည်ဆောက်ထားတယ်ဆိုတာ သေချာပါတယ်။ သိပ္ပံပညာရှင်တွေအရ ၎င်းအဆောက်အအုံရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ အထဲမှာ နောက်ထပ် ပိရမစ်နှစ်ခုရှိနေသေးတယ်ဆိုတဲ့ အချက်ပါ။ အဓိက စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ၎င်းပိရမစ်နှစ်ခုကို အပြင်က ပိရမစ်ဖြစ်တဲ့ အယ်ကက်စတီလီယို မဆောက်ခင်မှာ ဆောက်ထားတာဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေက လတ်တလောမှာ ၎င်းပိရမစ်နံရံံတွေကို ဖျက်ဆီးစရာမလိုပဲ ပိရမစ်နှစ်ခုထဲကို ဝင်နိုင်ဖို့ကြိုးစားနေကြပါတယ်။

၄။ ကျောက်ခေတ်က ချစ်သူစုံတွဲ

စုံတွဲ အရိုးစုကို နှစ်ပေါင်းတော်တော်ကြာလောက်က မန်တိုဝါ ၊ အီတလီမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၎င်းအရိုးစုတွေဟာ ယောကျာ်းလေးနဲ့ မိန်းကလေးတစ်ယောက်ရဲ့အရိုးစုဖြစ်ပြီး နှစ်ပေါင်း ၆၀၀၀ ဝန်းကျင်မှာ မြှပ်နှံထားတာဖြစ်ပါတယ်။ သုတေသီတွေက ဒီလို မျိုးနှစ်ယောက်တစ်တွဲမြှပ်တာက တော်တော်လေးကိုရှားပါတယ်။ ပြီးတော့ ဒီလိုအနေအထားနဲ့ မြှပ်နှံထားတဲ့ပုံစံကို တွေ့ရှိရတာ ဒါဟာ သူတို့အတွက် ပထမဆုံးဖြစ်ပါတယ်။

ဒီအရိုးစုစုံတွဲကို ရိုမီယိုနဲ့ ဂျူးလိယက်လို့လည်း ခေါ်ပါသေးတယ်။ ဒီလိုခေါ်ရခြင်းအကြောင်းရင်းကတော့ ရှိတ်စပီးယားက သူ့ရဲ့ ဝတ္ထုထဲမှာ ဗာရိုနာလို့ဖော်ပြထားပြီး ၎င်းမြို့ဟာ မန်တိုဝါ နဲ့ အနီးစပ်ဆုံးမှာရှိနေလို့ဖြစ်ပါတယ်။

၅။ အမ်ဖီပိုလစ် နဲ့ အမည်မသိ သင်္ချိင်းဂူ

၎င်းသချႋုင်းကို ဂရိမှာရှိတဲ့ အမ်ဖီပိုလစ်မှာတွေ့ရှိတာဖြစ်ပါတယ်။ သင်္ချိုင်းထဲမှာ ဝင်ပေါက်ကို အစောင့်အနေနဲ့ထားရှိတဲ့ ရုပ်ထုရှည်နှစ်ခုရှိပါတယ်။ ၎င်းရုပ်တုနှစ်ခုကို ဆင်ခံရုပ်လို့ခေါ်ပါတယ်။ ရှာဖွေတွေ့ရှိမှုရဲ့ ကျေးဇူးကြောင့် ဒီ သင်္ချိုင်းကို ဘယ်သူတွေက ပိုင်ဆိုင်တယ်ဆိုတာကို သုတေသီတွေနဲ့ သမိုင်းပညာရှင်တွေက ခန့်မှန်းခွင့်ရကြပါတယ်။ တစ်ယောက်ပြောတာကတော့ ဒီသင်္ချိုင်းဟာ အိုလီယမ်ပီယာ သင်္ချိုင်းဖြစ်တယ်လို့ပြောပါတယ်။ အခြားကောက်ချက်မှာ ပြောတာကတော့ ဒီသင်္ချိုင်းဟာ အလက်ဇန္ဒြား သဂရိတ်ရဲ့ မိန်းမဖြစ်တဲ့ ရိုဇန်န ပိုင်တာဖြစ်တယ်လို့ပြောပါတယ်။ တတိယကောက်ချက်မှာ ပြန်ငြင်းထားတာက ဒီ သင်္ချိုင်းဟာ အလက်ဇန္ဒြား သဂရိတ်ရဲ့ မိသားစုတွေနဲ့ တစ်နည်းနည်းပတ်သက် နေတာဖြစ်မယ်ဆိုပြီးတော့ဖြစ်ပါတယ်။

၆။ ရာသီခွင် ကွန်ဂရစ် ကျောက်ပြားချပ်

ဒီရာသီခွင်ကျောက်ပြားချပ်ကို အမေရိကန်ပြည်ထောင်စုမှာ နှစ်အနည်းငယ်အတွင်းက တွေ့ရှိတာဖြစ်ပါတယ်။ သူ့ရဲ့ အထူနဲ့ မျက်နှာပြင်က ပုံသဏ္ဍာန်တွေဟာ တစ်စုံတစ်ယောက်က စိတ်ကူးပေါက်ရာလျှောက်ခြစ်ထားတာမဟုတ်ပဲ လက်ရာမပျက် နှစ်ပေါင်းရာနဲ့ချီပြီး တည်ရှိနေတာက ကျွမ်းကျင်သူတွေကို ခေါင်းရှုပ်စရာတစ်ခုဖြစ်စေပါတယ်။ ကျောက်ချပ်မှာ ရေးထားတဲ့ ပုံစံအရ ၎င်းကျောက်ပြားဟာ နေရောင်နဲ့ အချိန်ကို ကြည့်ဖို့အတွက် သုံးခဲ့ပုံရတယ်လို့ ကောက်ချက်ချကြပါတယ်။

၆။ အီစတာကျွန်းမှာက ကျောက်ရုပ်တုများ

အီစတာကျွန်းမှာရှိတဲ့ ရုပ်တုတွေအကြောင်းကျွန်တော်တို့ စဉ်းစားလိုက်ရင် ဦးခေါင်းပိုင်းကိုသာ ထုထားတာဖြစ်တယ်လို့ ကျွန်တော်တို့ တွေးခဲ့ကြပါတယ်။ တစ်ကယ်တော့ ကျွန်တော်တို့မမြင်နိုင်တဲ့ အစိတ်အပိုင်းတွေ မြေကြီးထဲမှာ ပေပေါင်းများစွာအထိရှိနေသေးတယ်ဆိုတာပါပဲ။ အီစတာကျွန်း က ရုပ်တုတွေရဲ့ဇစ်မြစ်ကိုဖော်ထုတ်ဖို့ တူးဖော်နေတဲ့လုပ်ငန်းစဉ်မှာ ရုပ်တုပေါင်း ၁၀၀ ကျော်ကို တူးဖော်ပြီးဖြစ်ပါတယ်။ ၎င်းရုပ်တုတွေရဲ့ တစ်ကယ့်အကြောင်းအရင်းနဲ့ ဘယ်သူတွေက ဆောက်သွားခဲ့တယ်ဆိုတဲ့အချက်ကတော့ ဖြေရှင်းဖို့လိုနေသေးတဲ့အချက်ပဲဖြစ်ပါတယ်။

၇။ နောက်ဆုံးတစ်ခုအနေနဲ့ ကိုယ့်အိမ်နောက်ဖေးမှာ ဘာတွေမြှပ်နှံထားတယ်ဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။

ဒီ ခိုင်ခိုင်ခံ့ခံ့ သေတ္တာကြီးကို ကာဂျစ်စတန် က ဘက်ရ်ှ ကွန်ဂျီမှာနေတဲ့ ဒန်မီထရီ လူကီချက်က သူ့အိမ်နောက်ဖေးကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူက သူ့အိမ်ပြင်က အိမ်သာအတွက် မိလ္လာကန် ကို ဂေါ်ပြားနဲ့တူးနေစဉ်မှာ သတ္တုကို အရာဝတ္ထုတစ်ခုကို ထိမိသွားပါတယ်။ ဒီသေတ္တာက တတိယခေတ်ဂျာမန် အင်ပါယာတွေ သုံးခဲ့တဲ့ စစ်တပ်သုံးအသုံးအဆောင်ဖြစ်ပုံရပါတယ်။ အဲ့ထဲမှာတော့ ဂျာမန်စစ်သားအသုံးအဆောင်တွေဖြစ်တဲ့ မျက်မှန်တို့၊ တစ်ကိုယ်ရေသုံးပစ္စည်းတို့၊ ဖြုတ်ထုတ်နိုင်တဲ့ ကော်လာတို့၊ ဘရပ်ရှ်တို့ နဲ့ အကောင်းတိုင်း ရှိနေတဲ့ ဂျက်ကက် အင်္ကျီတစ်ထည်တို့ ရှိနေတာဖြစ်ပါတယ်။

သင်တွေ့တဲ့အတိုင်းပါပဲ။ ဘယ်သူမဆို သူ့အိမ်နောက်ဖေးမှာ ရတနာတွေရှာတွေ့နိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကရော တစ်ခုခုများရှာတွေ့ထားပြီလား။ ဒါမှမဟုတ် သူငယ်ချင်းတွေထဲက ဒီလိုတွေ့ရှိဖူးတဲ့သူရော ရှိပါသလား။ လူကြီးမင်းတို့ရဲ့ အဖိုးတန်တဲ့ ကွန့်မန့်တွေကို အောက်မှာရေးသားအကြံပြုနိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *