အမေရိကန်ကို ပြစ်မှားလျှင် ရလဒ်အဖြစ် ဗုံးကြဲလေယာဉ်များပို့ဆောင်လိုက်မည်ဟု မြောက်ကိုးရီးယားအား သတိပေး

အမေရိကန်နဲ့ မြောက်ကိုးရီးယားတို့ရဲ့ စစ်ရေးတင်းမာမှူဟာ အမြင့်ဆုံးအချိန်သို့ တစ်ဖန် ရောက်ရှိလာပြီး အမေရိကန်အနေနဲ့ မြောက်ကိုးရီးယားကို ထပ်မံသတိပေးလိုက်ပါတယ်။

မြောက်ကိုးရီးယားဟာ ၂၀၁၇ ခုနှစ်ရဲ့ ပထမ ၁၀ လ အတွင်းမှာ ဒုံးကျည် ၂၂ စင်းနဲ့ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို စမ်းသပ်ခဲ့ပါတယ်။ လက်ရှိ ရက်ပိုင်းအနည်းငယ်အတွင်းမှာ မြောက်ကိုးရီးယားဘက်မှ စစ်ရေးနဲ့ပတ်သတ်တဲ့ ထုတ်ပြန်ချက် မရှိသေးဘဲ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ကလေးပစ္စည်းထုတ်လုပ်ရေး စက်ရုံကို သွားပြီး ကြီးကြပ်ကွပ်ကဲနေတယ်လို့ မြောက်ကိုးရီးယားနိုင်ငံပိုင်သတင်းစာ KCNA က ဖော်ပြထားပါတယ်။

မြောက်ကိုးရီးယားဟာ ကိုယ်ပိုင်ဂြိုလ်တုလွှတ်တင်ဖို့အတွက်လည်း ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပြီး အမေရိကန်နဲ့ ပတ်သတ်တဲ့ စစ်ရေးစစ်ရာ သတင်းထုတ်ပြန်မှူကတော့ ဒီအပတ်ထဲမှာ မရှိခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိမှာ အမေရိကန်အနေနဲ့ မြောက်ကိုးရီးယားကို ပြင်းထန်စွာ သတိထပ်မံပေးလိုက်ပြီး ဗုံးကြဲယာဉ်တွေကို အဆင်သင့် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံပိုင် ရေနက်ဆိပ်ကမ်းအပေါ် ဖြတ်သန်းပြီး ဒုံးကျည်ပစ်လွှတ်မှူကိစ္စနဲ့ပတ်သတ်လို့ မြောက်ကိုးရီးယားကို တန်ပြန်အရေးယူရန် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ နှစ်ဦးသဘောတူ ပူးပေါင်းထားကြောင်းလဲ သိရပါတယ်။

အမေရိကန်အနေနဲ့ F-35 Steath fighter အမျိုးအစား တိုက်လေယာဉ်ကို ပစိတ်ဖိတ်ဒေသသို့ နိုဝင်ဘာလအတွင်းမှာ ပထမဆုံးစေလွှတ်မှာ ဖြစ်ပြီး အခြား ဗုံးကြဲတိုက်လေယာဉ်တွေ ဖြစ်တဲ့ B-2, F-22 Steath fighter  နဲ့ B1 Bomber တို့ကိုလည်း ကိုးရီးယားကျွန်းဆွယ်မှာ စောင့်ကြပ်စေလွှတ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လေယာဉ်တင် စစ်သဘော၊ တိုက်ရေယာဉ် နဲ့ ရေငုပ်သင်္ဘောတို့ကိုပါ စေလွှတ်ထားပြီး ၎င်းတို့ဟာ မြောက်ကိုးရီးယားရဲ့ မည်သည့်နေရာကို မဆို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း အသိပေးထားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *