အမေရိကန်က ကမ္ဘာ့စွမ်းအားအကောင်းဆုံးကွန်ပျူတာကို တည်ဆောက်ရန်ပြင်ဆင်နေ

ကမ္ဘာ့စွမ်းဆောင်ရည်အကောင်းဆုံးကွန်ပျူတာကို ၂၀၂၁ ခုနှစ်မှာအပြီး တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိ ကန် စွမ်းအင်ဌာန DOE က မနေ့က အင်္ဂါနေ့မှာ ကြေငြာလိုက်တယ်လို့ ဆင်ဟွာသတင်းတစ်ပုဒ်အရ သိရပါတယ်။ အဲဒီကွန်ပျူတာဟာ လက်ရှိကမ္ဘာပေါ်ကအမြန်ဆုံးဆိုတဲ့ ကွန်ပျူတာထက် ၁၂ဆ လောက်ထိ ပိုမြန်မယ်လို့ သိရပါတယ်။

အဲဒီကွန်ပျူတာကို Frontier စနစ်လို့ ခေါ်ပြီး AMD ရဲ့ မြင့်မားတဲ့စွမ်းဆောင်မှု၊အပါအဝင် မှတ်ဉာဏ်တုနည်းပညာ AI ကို အသုံးပြုထားတဲ့ CPU နဲ့ GPU နည်းပညာတွေနဲ့ လည်ပတ်လုပ်ဆောင်စေမှာဖြစ်ကာ exaflops ထက် ၁.၅ဆ ပိုမြန်မယ်လို့ စွမ်းအင်ဌာနက ဆိုပါတယ်။ တစ် exaflop ဆိုတာ တစ်စက္ကန့်ကို အပုံပေါင်း တစ်နောက်ကနေ သုံည ၁၈ လုံး ပုံထားတဲ့ ပမာဏ ( quintillion)ကိုဆိုလိုတာဖြစ်ပါတယ်။

DOE အနေနဲ့ လွန်ခဲ့တဲ့ မတ်လတုန်ုးကလည်း တစ် exaflop ထက်မကမြန်တဲ့ Intel ရဲ့ CPU နည်းပညာသုံးထားတဲ့ Aurora အမည်ရှိဆူပါကွန်ပျူတာထုတ်လုပ်မယ့်အစီအစဉ်ကို ကြေငြာခဲ့ပါသေးတယ်။ အဲဒီ Aurora ကလည်း ၂၀၂၁ မှာ ထွက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်သုတေသနပညာရှင်တွေရဲ့ ကမ္ဘာ့အဆင့်အချက်အလက်တွေ၊ နောက်ထပ်အမေရိကန်မှာပြုလုပ်မယ့် ဧ ရာမတီထွင်မှုတွေကို သေချာစေတဲ့ တွက်ချက်မှုအရင်းအမြစ်တွေကို ရရှိမှာဖြစ်တဲ့အတွက် Frontier ဟာ မှတ် ဉာဏ်တုနည်းပညာ AI နဲ့ပတ်သက်တဲ့ တီထွင်ဆန်းသစ်မှုတွေကို အရှိန်ရစေမှာဖြစ်တယ်လို့ အမေရိကန် စွမ်းအင် ဝန်ကြီး Rick Perry က ဆိုပါတယ်။

ခုချိန်မှာတော့ Summit လို့ ခေါ်တဲ့ IBM ဆူပါကွန်ပျူတာက ကမ္ဘာ့အမြန်ဆုံးဖြစ်ပြီး တရုတ်ရဲ့Sunway TaihuLight နဲ့ Tianhe 2A တို့က ရယူထားတာဖြစ်ပါတယ်။ Summit ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်က သီအိုရီအရ ၂၀၀ petaflops အထိစွမ်းဆောင်နိုင်ပေမယ့် လက်တွေ့မှာ ၁၂၂.၃ petaflops ပဲစွမ်းဆောင်ရည်ရှိပါတယ်။ တစ် petaflop ဟာ တစ် exalop ရဲ့ တစ်ထောင်ပုံတစ်ပုံပဲရှိပါတယ်။

Frontier ကို Summit ကိုတပ်ဆင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ်က Oak Ridge အမျိုးသား ဓါတ်ခွဲခန်းမှာပဲ တပ်ဆင်မယ်လို့ သိရပါတယ်။ DOE ရဲ့ သတင်းအရ တပ်ဆင်မယ့် ကန်ထရိုက်စရိတ်ဟာ အမေရိကန် ဒေါ်လာ သန်း၆၀၀ ကုန်ကျမှာဖြစ်ပြီး Aurora ထက် သန်း၁၀၀ ပိုကုန်ကျမှာဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ Frontier နဲ့ Aurora တို့ဟာ ကမ္ဘာ့စွမ်းအားအကောင်းဆုံးဆူပါကွန်ပျူတာတွေ ဖြစ်ချင်မှ ဖြစ်လာမှာပါ။ဘာကြောင့်လဲဆိုတော့ တရုတ်ကလည်း ၂၀၂၀ ဒါမှမဟုတ် ၂၀၂၁ မှာ စွမ်းအား အကောင်းဆုံး ဆူပါ ကွန်ပျူတာတွေကို ထုတ်လုပ်နိုင်အောင်တည်ဆောက်နေလို့ပဲ ဖြစ်ပါတယ်။

Ref: Xinhua News

Leave a comment

Your email address will not be published. Required fields are marked *