အမေရိကန်က ဘွဲ့ရကျောင်းသားအသစ်များအတွက် အကောင်းဆုံးမြို့ကြီးသုံးမြို့။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ခန့်တုန်းကတော့ Seattle, Portland နဲ့ Austin မြို့ကြီးသုံးမြို့က ဘွဲ့ရကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပေါများတဲ့ မြို့ကြီးသုံးမြို့ ဖြစ်ခဲ့ပါတယ်။ အခုခေတ်မှာတော့ လူနေမှု အဆင့်အတန်းတိုးတက်လာတာနဲ့အညီ မြေစျေး အိမ်စျေးတွေက များလာပါတယ်။ လက်ရှိအလုပ်ခွင်ကို အသစ်စက်စက်ဝင်မယ့် ကျောင်းသားတွေအတွက်တော့ နေထိုင်သွားလာမှု စရိတ်များတာကြောင့် စဉ်းစားစရာတွေဖြစ်လာပါတယ်။ ဒီခေတ်မှာ မြို့တစ်မြို့ကို ရွေးချယ်တဲ့အခါမှာ ဒီအချက်သုံးချက်နဲ့ ရွေးချယ်ကြပါတယ်။

 

အိမ်ငှားစရိတ် သက်သာခြင်း၊ အလုပ်အကိုင် ပေါများခြင်း၊ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ နေရာ ဆိုပြီး အချက်သုံးချက်ကို ဦးစားပေးရွေးချယ်တတ်ကြပါတယ်။ ဒီအချက်သုံးချက်ပြည့်တဲ့မြို့က အသစ်စက်စက် ဘွဲ့ရကျောင်းသားတွေအတွက်တော့ အကောင်းဆုံး နေရာတွေဖြစ်ပါတယ်။ Pittsburgh, Salt Lake နဲ့ Baltimore မြို့တွေက ၂၀၁၉ အတွက် ဘွဲ့ရ ကျောင်းသားတွေအတွက် အလုပ်လုပ်ဖို့ အကောင်းဆုံးမြို့ဖြစ်ပါတယ်။ နည်းပညာ company ကြီးတွေက silicon valley နေရာမှာ အရမ်းများလာပြီး အခြားမြို့တွေမှာပါ company တွေကို တိုးချဲ့နေပါတယ်။ ဒီအထဲမှာ Adobe Company လည်းပါပါတယ်။

အပေါ်က မြို့တွေမှာ ဝန်ထမ်းတွေရဲ့ ၉၂ ရာခိုင်နှုန်းကို ဘွဲ့ရကျောင်းသားတွေအတွက် ခန့်ဖို့အစီအစဉ်ရှိပါတယ်။ နည်းပညာ Company တွေရှိရုံသာမက နေထိုင်သွားလာမှုစရိတ်ကလည်း အခြာမြို့တွေထက်စာရင် ၂၀% သက်သာပါတယ်။ အလုပ်လက်မဲ့ ဖြစ်တဲ့လူဦးရေ ရာခိုင်နှုန်းက ၂% လောက်ပဲ ရှိပါတယ်။ ဒါ့အပြင် bar တွေလည်းပေါတာကြောင့် လူငယ်တွေ အကြိုက် မြို့တွေဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *