အမေရိကန်က အယ်ဆာဗေးဒိုးနိုင်ငံသား ၂သိန်းကို ယာယီနေထိုင်ခွင့် ရပ်ဆိုင်းတော့မည်

အယ်ဆာဗေးဒိုး နိုင်ငံဟာ ၂၀၀၁ ခုနှစ်မှာ အားပြင်း မြေငလျင်ကြီး ၂ကြိမ်တိတိ လှုပ်ခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စုက အယ်ဆာဗေးဒိုးမှ နိုင်ငံသား ၂သိန်းလောက်ကို ဒုက္ခသည်တွေအဖြစ် လက်ခံခဲ့တာ ယခုဆို ၂၀၁၈ ခုနှစ်သို့ရောက်လာပါပြီး။

ထို့ကြောင့်အမေရိကန်နိုင်ငံ ပြည်တွင်းလုံခြုံရေးဌာနက အယ်ဆာဗေးဒိုးနိုင်ငံသားတွေ အနေဖြင့် သူတို့ရဲ့ နေရင်းဒေသမှာ ဆိုးရွားတဲ့ အခြေအနေဆိုးတွေ မရှိတော့တဲ့အတွက် လာမည့် ၂၀၁၉ စက်တင်ဘာလ နောက်ဆုံးထားပြီး နေထိုင်ခွင့်ကို ရပ်သိမ်းမှာဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

အထက်ပါယာယီခိုလုံခွင့်ကို အမေရိကန်က ၁၉၉၀ ခုနှစ်ကတည်းက ပြည်တွင်းစစ်ကြောင့်ဖြစ်စေ၊ သဘာဝကပ်ဘေး ဆိုက်ရောက်မှုကြောင့် ဖြစ်စေ ပြည်ပမှ နိုင်ငံသားများကို ခိုလှုံခွင့် ပေးခဲ့တာဖြစ်ပါတယ်။

ဒီကြားထဲမှာ သူတို့သည် နေရပ်ဒေသကို ပြန်ရင်ပြန် ဒါမှမဟုတ်ရင် အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ကို ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ လျှောက်ထားနိုင်ကြောင်း ပြည်တွင်းလုံခြုံရေးဌာနက ပြောပါတယ်။

အယ်ဆာဗေးဒိုးနိုင်ငံခြားရေးဝန်ကြီး Hugo Martinez က လက်ရှိ ယာယီနေထိုင်ခွင့်ရထားတဲ့ သူတို့ရဲ့ နိုင်ငံသားတွေအတွက် ခိုင်လုံတဲ့ ရလဒ်တွေ ရဖို့ အမေရိကန် ကွန်ဂရက်နဲ့ ပူးတွဲအဖြေရှာသွားမယ်လို့ ဆိုပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *