အမေရိကန်တွင် တရုတ်မှတင်သွင်းလာသော တရားမဝင်သေနတ်အစိတ်အပိုင်း (၅၂၀၀)ကို ဖမ်းဆီးရမိ

ဩဂုတ်လ ၂၂ရက် ကြာသပတေးနေ့တွင် Los Angele ဆိပ်ကမ်းနှင့် Long Beach ဆိပ်ကမ်းတို့တွင် တရုတ်မှ တင် သွင်းလာသော တရားမဝင် သေနတ်အပိုပစ္စည်း (၅၂၀၀) ကို အခွန်နဲ့ နယ်စပ်ရေးရာ ကာကွယ်ရေးဌာနရဲများက ဖမ်း ဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့သော ပစ္စည်းစုစုပေါင်း တန်ဖိုးဟာ အမေရိကန်ဒေးလာ 378,000 တန်ဖိုးရှိတယ်လို့ သိ ရပါတယ်။

အခွန်နဲ့ နယ်စပ်ရေးရာ ကာကွယ်ရေးဌာန၏ ပြောပြချက်အရ ၎င်းတရားမဝင် သေနတ်အပိုပစ္စည်းများကို ဖမ်းဆီး  ရမိ ဖို့ရန်အတွက် အလွန်သတိဝိရိယထားကာ စောင့်ကြည့်ခဲ့ရတာဖြစ်ကြောင်းနှင့် ထိုပစ္စည်းများဟာ လမ်းကြောင်း (၃) ကြောင်းဖြစ် လွန်ခဲ့တဲ့ (၃)လလောက်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး အမေရိကန်အခြေစိုက် တရားဝင် လက်နက် ရောင်းဝယ် သူများနဲ့ ဆက်သွယ်ရန် ကြိုးစားနေတာဖြစ်တယ်လို့ သိရပါတယ်။ ယခုအချိန်အထိတော့ ထိုပစ္စည်းများရဲ့ ပိုင်ရှင်(တရားခံ)ကို ရဲဌာနက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသလို ဘယ်လူလဲဆိုတာကိုလည်း အတိအကျမ သိရသေး ပါဘူး။

လက်ရှိမှာတော့ ထိုပစ္စည်းများကို လက်ခံထားသူများအားလုံးကို ရဲများကဖမ်းဆီးထားပြီး နောက်ထပ်ဆက်စပ်နေတဲ့ လူများအားလုံးကိုလည်းဆက်လက်ဖမ်းဆီးသွားမှာဖြစ်ကြောင်းသိရပါတယ်။1989ခုနှစ်တွင်တရုတ်နိုင်ငံ Tiananmen ရင်ပြင်၌ ဆန္ဒပြသူများကို တရုတ်အစိုးရက အပြင်းအထန်ဖြိုခွဲပြီးတဲ့ အချိန်ကစလို့ အမေရိကန်ဟာ တရုတ် ထံမှ လက် နက်တင်သွင်းမှုကို တရားဝင် တားမြစ်ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *