အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်စ်နှင့်ဒေါ်အောင်ဆန်းဆုကြည် တို့နေပြည်တော်၌တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

ယနေ့ နေပြည်တော်တွင် ကျင့်ပခဲ့သော အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တေလာဆန် နှင့် ဒေါ်အောင်ဆန်းဆုကြည် တို့ပူတွဲ သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တေလာဆန်က မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်သော အရေးယူပိတ်ပိတ်ဆို့မှုသည် ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းဖို့ အထောက်ကူပြုမည်မဟုတ်ဟုတ်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်သည် ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံသို့လာရောက်ခြင်းဖြစ်ပြီး၊ယခုလိုလာရခြင်းအကြောင်းမှာ ရခိုင်အရေးနှင့်ပတ်သတ်ပြီး အမေရိကန်နိုင်ငံ ဒီမိုကရက်တစ် ပါတီ နှင့် ရီပတ်ဗလစ်ကန် ပါတီ နှစ်ပါတီရှိအမတ်များအကြား မကျေနပ်ချက်များ ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်သည်ဟုသိရှိရသည်။

ရက်စ် တေလာဆန်က ‘အရေးယူ ပိတ်ဆို့မှုတွေလုပ်ပြီးတော့ အကျပ်အတည်းတွေပြေလည် သွားပြီးလို့ ပြောလို့မရကြောင်း၊မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အောင်မြင်တာ ကျွန်တော်တို့မြင်လိုကြောင်း၊ကူးပြောင်းရေးကိုလဲ အခိုင်အမာ ယုံကြည်ကြောင်း၊၂၀၁၅ခုနှစ် အရပ်သား အစိုးရ တက်လာပြီးနောက်မှာလဲ မြန်မာ့တပ်မတော်သည် ဝန်ကြီးနေရာများနှင့်စီးပွားရေးကို ဆက်လက်ချုပ်ကိုင်ထားကြောင်း’ပြောကြားခဲ့သည်။

ထို့အပြင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် အမတ်များကလည်း တပ်မတော်အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ဖို့အကြံပေးခဲ့ပြီး၊ ရခိုင်ပြည်တွင်း၌ ကျူးလွန်သည်ဆိုသော ကိစ္စများအတွက် အလွန်စိုးရိမ်မှုဖြစ်ရကြောင်း၊အဖြစ်ကပျက်များသည် စိတ်ပျက်စရာကောင်းပြီး လူမျိုးတုံးသတ်ဖြတ်မှုစံနှုန်းနှင့် ညီမညီ မိမိတို့ဘာသာဆုံးဖြတ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန် ကပြောကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းဆုကြည်က မြန်မာနိုင်ငံတွင်း တည်ငြိမ် ငြိမ်းချမ်းရေးသည် အရေးကြီးကြောင်းနှင့် တရားဥပဒေ စိုးမိုးရေးရှိမှ ငြိမ်းချမ်းရေးကိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့သည်။ထို့နောက် ဒေါ်အောင်ဆန်းဆုကြည်သည် “ကျမ နှုတ်ဆိပ်နေတယ်လို့ ဘာကြောင့်ပြောနေကြလဲမသိဘူး၊ ကျမ နှုတ်ဆိပ်မနေခဲ့ဘူး”ဟုလည်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်သည် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့လာရောက်သည့်ခရီးစဉ်တွင် ဒုက္ခသည်များအတွက် ဒေါ်လာ၄၇သန်း ပေးရန်ကတိပြုခဲ့ရာ လွန်ခဲ့သော သြဂုတ်လ နောက်ပိုင်းတွင် ရခိုင်အရေးအတွက် အမေရိကန်၏ ကူညီမှုသည် စုစုပေါင်း ဒေါ်လာ ၈၇ သန်း ရှိပြီးဖြစ်ကြောင်းသိရှိရသည်။

Leave a comment

Your email address will not be published. Required fields are marked *