အမေရိကန်နိုင်ငံတွင် တရုတ်ဖုန်းများဖြစ်သော Huawei အမျိုးအစားများကိုမသုံးရန် FBI နှင့် CIA ဥက္ကဌပြောကြား

အမေရိကန်နိင်ငံ ဝန်ကြီးဌာနခြောက်ခုမှလူကြီးများက ပြည်သူများအား တရုတ် smart phone များဖြစ်သော Huawei ဖုန်းများနှင့် ZTE ဖုန်းများကို မသုံးရန် သတိပေးလိုက်ပါတယ်။ FBI ဒါရိုက်တာ Chris Wray ကတရုတ် ဖုန်းအော်ပရေတာများကို နိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်ခွင့် ပေးရာမှ နိုင်ငံ၏ လုံခြုံရေးအချက်အလက်ကို အလွယ်တကူရယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလိုမျိုးသတိပေးခြင်းဟာ ပထမဦးဆုံးအကြိမ်မဟုတ်သလို Huawei ကုမ္ပဏီနှင့် ချုပ်ဆိုထားသော စာချုပ်ပါ ဖျက်သိမ်းသွားနိုင်ကြောင်း သိရှိရရှိပါတယ်။ Huawei ကုမ္ပဏီဟာ တယ်လီကွန်းလောကမှာ ပထမဦးဆုံး ခြေလှမ်းချခဲ့ပြီး Apple နှင့် Samsaung ကုမ္ပဏီရောင်းအားထက် သာလွန်ခဲ့တဲ့ အချိန်များလည်း ရှိခဲ့ပါတယ်။ Huawei ဖုန်းကို အာရှနိင်ငံတော်တော်များများမှာ ရောင်းအားကောင်းသော်လည်း အမေရိကန်နိုင်ငံ၏ ဈေးကွက်ကိုထိုး မဖောက်နိုင်ခဲ့ပါဘူး။ Huawei ကုမ္ပဏီကလည်း ပစ္စည်းသစ်မိတ်ဆက်တိုင်း အမေရိကန်ဈေးကွက်ကို ထိုးဖောက်ဖို့ကြိုးစားသော်လည်း အရှုံးနဲ့သာရင်ဆိုင်ခဲ့ရပါတယ်။

အမေရိကန်အစိုးရမှ အစိုးရဝန်ထမ်းများအား Huawei နှင့် ZTE ဖုန်းများအသုံးပြုခြင်း တွေ့ရှိပါက ဒဏ်ငွေပေးဆောင်ရမည်ဟုလည်း သတိပေးခဲ့ပါတယ်။ Huawei ကုမ္ပဏီဟာ တရုတ်အစိုးရ ရှယ်ယာပါဝင်တာကြောင့် အမေရိကန်အစိုးရက နိုင်ငံ၏လုံခြုံရေးအချက်အလက်များကို တိတ်တဆိတ် ခိုးယူလာနိုင်မှာ စိုးရိမ်တာကြောင့် အခုလို ပိတ်ပင်တားမြစ်တာဖြစ်ပါတယ်။

Leave a comment

Your email address will not be published.