အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ပွဲစပြီ။ တကယ့်စစ်ပွဲကော ဖြစ်လာနိုင်မလား။

အမေရိကန်ကိုတင်သွင်းလာတဲ့ တရုတ်ထုတ်ကုန်တွေအပေါ်မှာ အခွန် ၃၄ ဘီလီယံ တိုးမြှင့်ကောက်ခံလိုက်သလို တရုတ်ကလည်း အမေရိကန်သွင်းကုန်တွေအပေါ်မှာ ထပ်တူတိုးမြှင့်ကောက်ခံလိုက်တာကြောင့် အမေရိကန်နဲ့ တရုတ် တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ မနေ့က သောကြာနေ့မှာ စတင်ခဲ့ပြီဖြစ်ကြောင်း Fox News သတင်းအရ သိရပါတယ်။ သမ္မတ ထရန့်ကတော့ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၅၀၀ ဘီလီယံအထိ တိုးမြှင့် ကောက်ခံမယ်လို့ ပြောလိုက် ပါတယ်။ အမေရိကန်ဟာ တရုတ်သွင်းကုန်တွေ ဖြစ်တဲ့ X –Ray စက်အစိတ်အပိုင်းတွေ၊ ဘွိုင်လာတွေ၊ လေယာဉ်ဘီး တွေအပါအဝင် အခြားစက်မှုလုပ်ငန်းသုံးအစိတ်အပိုင်းတွေအပေါ် အခွန် ၂၅% တိုးကောက်လိုက်တာဖြစ်ပြီး တရုတ်က လည်း အမေရိကန်သွင်းကုန်တွေဖြစ်ကြတဲ့ ပဲပုတ်၊လျှပ်စစ်ကား၊ဝက်သားနဲ့ အခြားထုတ်ကုန်တွေဖြစ်ပါတယ်။
အမေရိကန်ထိပ်တန်းတာဝန်ရှိသူတစ်ဦးကတော့ ကုန်သွယ်ရေးစစ်ပွဲအတွက် သူတို့ဘက်ကတိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ် တယ်ဆိုရင် ကျွန်တော်တို့အဆင်သင့်ရှိပါတယ်။ စစ်ပွဲလို့သတ်မှတ်မယ်ဆိုရင်လည်း အနေရိကန်ပဲ အနိုင်ရမယ်ဆိုတာ သူတို့ သတိရဖို့တော့လိုပါတယ်။ ကျနော်တို့ ဈေးကွက်က ပိုကြီးပါတယ်။ပြီးတော့ ကျနော်တို့ရဲ့ ဖေါက်သည်တွေက ပိုပြီးလည်းချမ်းသာကြတယ်။ ကျနော်တို့က တစ်ကမ္ဘာလုံးအနှံ့ တီထွင်ဆန်းသစ်သူတွေဖြစ်တယ်။ ကျနော်တို့တောင်း ဆိုနေတာက တရုတ်ပြည် ကစားကွက်တစ်ခုအတွက်ပါပဲ၊တကယ်လို့ဒါကို သဘောမတူရင်တော့ နောက်ထပ်အကျိုးဆက် တွေကို တာဝန်ယူရမယ်လို့ ပြောခဲ့ပါတယ်။
ကိန်းဂဏန်းအချက်အလက်သာ အမှန်ဆိုရင်တော့ ဒီကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်အနေနဲ့ အသာစီးရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ဆီကနေ အမေရိကန်ရဲ့ သွင်းကုန်ဟာ အမေရိကန်ဆီက တရုတ်သွင်းနေတာထက် ပိုနေလိုပါပဲ။ ဘာဘဲဖြစ်ဖြစ် ဒီကုန်သွယ်ရေးစစ်ပွဲကို အကြောင်းပြုပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွေ တင်းမာလာနိုင်ပြီး တကယ့်စစ်ပွဲ အသွင်ကို ရောက်သွားမယ်ဆိုရင်တော့ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ရတက်မအေးစရာပါပဲ။ တစ်ဖက်မှာလည်း အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ နယူကလီးယားလုံးဝရပ်စဲရေး ကတိတွေအတွက် ကြိုးစားနေရဆဲဖြစ် ပါတယ်။Source:FOX NEWS & BBC

Leave a comment

Your email address will not be published.