အမေရိကန်နဲ့ အီရန်စစ်ရေးတင်းမာမှုကြောင့် အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်စစ်သင်္ဘောများစေလွှတ်

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က မေလ၁၀ရက် သောကြာနေ့တွင် အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန် စစ်သင်္ ဘောများနှင့် ဒုံးဖျက်လက်နက်များကို ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ထိုသို့ပြုလုပ်ရခြင်းဟာ အီရန်ဘက်မှ နယူးကလီးယားနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို လက်မခံတဲ့အပြင် ခြိမ်းခြောက်မှုများကိုပါ ပြုလုပ်ခဲ့တဲ့အတွက် အခုလို စစ်သင်္ဘောများလွှတ်ပြီး အီရန်ကို သတိပေးခြင်းဖြစ်တယ်လို့သိရပါတယ်။

အမေရိကန်ဟာ ယခုလ အစောပိုင်းမှာ အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်သင်္ဘောများကို ပို့ဆောင်ခဲ့တာ ဖြစ် ပြီး ယခုမှာတော့ ဒုံးဖျက်လက်နက်များ၊ တာတို၊တာဝေးပစ် ဒုံးလက်နက်များနဲ့ တိုက်ခိုက်ရေး စစ်သင်္ဘောများကို ထပ် မံပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ယခုဆိုရင် အမေရိကန်တပ်များဟာ အရှေ့အလယ်ပိုင်းပင်လယ်ထဲမှာ တိုက်ခိုက်ဖို့ အ တွက် အသင့်အနေအထားရှိနေပြီး အီရန်ရဲ့ လှုပ်ရှားမှုကိုစောင့်ကြည့်နေတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ နယူးကလီးယား ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တစ်ခုကို အမေရိကန်နဲ့ အီရန် အပါအဝင်အခြား နိုင်ငံများနဲ့ ပြုလုပ်ခဲ့ပါတယ်။ သမ္မတထရန့်ဟာ ပြီးခဲ့တဲ့နှစ်က အဲဒီသဘောတူညီမှုမှ နှုတ်ထွက် လိုက်ပါတယ်။ အိမ်ဖြူတော်က အီရန်အပေါ်စီးပွားရေးပိတ်ဆို့ထားပေမယ့် လက်ရှိအချိန်ထိ အီရန်ထံမှ ရေနံဝယ်ယူ သုံး စွဲနေရတဲ့ တရုတ်၊အိန္ဒိယ၊ဂျပန်၊တောင်ကိုရီးယားနှင့် တူရကီတို့ကြောင့် သက်သာရာရနေတဲ့ အီရန်အပေါ် ထိရောက်တဲ့ ပိတ်ဆို့မှုတွေ ရှေ့ဆက်လုပ်ဆောင်မယ်လို့ အရင်လက ပြောခဲ႔ပါတယ်။

ထိုနိုင်ငံများဟာ အီရန်ရဲ့ ရေနံများကို ဆက်လက်ဝယ်ယူအသုံးပြုနေရတဲ့အတွက် အီရန်က သူ့ကိုစီးပွားရေးဆိုင်ရာ အ ထောက်အပံ့တွေပေးဖို့အတွက် ပြောကြားခဲ့ပြီး ရက် ၆၀အတွင်း ထောက်ပံ့မှုမပေးပါက နယူးကလီးယား လက်နက် အ သုံးပြုမည်ဟု ခြိမ်းခြောက်ခဲ့ပါတယ်။ ထို့ပြင် အီရန်ဟာ အမေရိကန်ရဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့ထားမှုကို ကလဲ့စားချေတဲ့ အနေနဲ့ Hormuz ပင်လယ်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ထားပြီး အမေရိကန်ကို ခြိမ်း ခြောက် ခဲ့တဲ့အတွက် ယခုလို စစ်ရေးဆိုင်ရာ တင်းမာမှုတွေဖြစ်ပွားလာရပါတယ်။ နောက်ထပ်ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ တစ်ကမ္ဘာ လုံး က စောင့်ကြည့်နေရမယ့် အခြေအနေတစ်ခုဖြစ်နေပါတယ်။

 

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *