အမေရိကန်နှင့် မဟာမိတ်တပ်တို့ပူးပေါင်း၍ ဆီးရီးယားကို စတင်တိုက်ခိုက်

ဆီးရီယားနိုင်ငံသို့ အမေရိကန်အပါအဝင် ဗြိတိန် နှင့် ပြင်သစ်တို့ပူးပေါင်း၍ စတင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ဧပြီလ ၁၃ ညမှမှ စတင်တိုက်ခိုက်ခဲ့ပြီး ဆက်တိုက် တိုက်ခိုက်သွားမည်ဟု သိရှိရသည်။
ဆီးရီယားနိုင်ငံ ဒူမာမြို့တွင် ဓာတုလက်နက်အသုံးပြု၍ တိုက်ခိုက်သည့် အရေးကိစ္စနှင့် ပတ်သတ်ပြီး အမေရိကန်အပါအဝင် မဟာမိတ်နိုင်ငံများမှ တုံ့ပြန်လိုက်ခြင်း ဖြစ်သည် ဟု သိရှိရသည်။
လက်ရှိတွင် ဆီးရီးယားနိုင်ငံ၏ ထုတ်ပြန်ချက်အရ အမေရိကန်၊ဗြိတိန်နှင့် ပြင်သစ်တို့မှ ပစ်ခတ်တိုက်ခိုက်လာသော ဒုံးကျည်အရေအတွက် ၁၁၀ ရှိပြီဖြစ်ကြောင်း သိရှိရသည်။

Leave a comment

Your email address will not be published. Required fields are marked *