အမေရိကန်ပြည်ထောင်စု ဗားမောင့်ပြည်နယ်ရှိ မြို့ငယ်တစ်ခုတွင် ဆိတ်တစ်ကောင်အား မြို့တော်ဝန်အဖြစ် ခန့်အပ်

အမေရိကန်ပြည်ထောင်စု ဗားမောင့်ပြည့်နယ်မှာ ရှိတဲ့ မြို့ငယ်တစ်ခုမှာ ဆိတ်တစ်ကောင်ကို မြို့တော်ဝန်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရှိရသည်။ တိရစ္ဆာန်တွေကို မြို့တော်ဝန်အဖြစ် ခန့်အပ်တာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း အမေရိကန်ပြည်ထောင်စုရဲ့ မြို့နယ်လေး တစ်ခုမှာလည်း ကြောင်တစ်ကောင်ကို မြို့တော်ဝန်အဖြစ် ခန့်အပ်ခဲ့ဖူးတဲ့ သာဓကတွေလည်း ရှိပါတယ်။

မြို့တော်ကို စီမံခန့်ခွဲသူ ဂျိုးစက် ဂန်သာ မှ တိရစ္ဆာန်တွေကို မြို့တော်ဝန်အဖြစ် တင်မြှောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး တိရစ္ဆာန်ပေါင်း ၁၆ ကောင်မှ မြို့တော်ဝန်ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ လင်ကွန်း လို့ အမည်ရတဲ့ ဆိတ်တစ်ကောင်ကတော့ သူ့ရဲ့ အဓိကပြိုင်ဖက်တွေ ဖြစ်တဲ့ ဆမ်မီ လို့အမည်ရတဲ့ ခွေးကလေးတစ်ကောင်ကို ၂ မဲ အသာစီးပြီး အနိုင်ရရှိလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် လင်ကွန်းဟာ မြို့တော်ရဲ့ ပွဲတော်တွေ၊ အထိမ်းအမှတ်ပွဲတွေကို တက်ရောက်ရတော့မှာပါ။

Leave a comment

Your email address will not be published. Required fields are marked *