အမေရိကန်ဘော်လုံးလောကရဲ့ အထင်ကရပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ Bart Starr ကွယ်လွန်

အမေရိကန်ဘော်လုံး လောကမှာ အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး အသက် ၈၅နှစ်ရှိပြီဖြစ်တဲ့ Bart Starr ဟာ မေ လ ၂၆ရက် တနင်္ဂနွေနေ့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏အသင်း Green Bay Packers မှ ထုတ်ပြန် ချက် အ ရ သိရှိရပါတယ်။ အမေရိကန်ဘော်လုံး လောကမှာ Green Bay Packers အသင်းဟု လူသိများလာတာဟာ Bart Starr ရဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီးပါဝင်နေပါတယ်။

Bart Starr ဟာ Alabama ပြည်နယ် Montgomery တွင် ၁၉၃၄ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့တွင်မွေးဖွားခဲ့ပြီး ၂၀၁၉ ခုနှစ် မေလ ၂၆ရက်နေ့မှာ Alabama ပြည်နယ် Birmingham ၌သေဆုံးခဲ့ပါတယ်။ Starr ဟာ ၂၀၁၄ခုနှစ် စက်တင်ဘာလမှာ ပြင်းထန်တဲ့ လေဖြတ်ခြင်းဝေသနာကို ခံစားခဲ့ရပါသေးတယ်။၁၉၅၆ခုနှစ်တွင် Packers အသင်းမှ Alabama တက္ကသိုလ်ရှိ အားကစားသမား ယောက်၂၀၀ကို ရွယ်ချယ်ခဲ့ရာမှာ Starr ကိုရရှိခဲ့တာဖြစ်ပါတယ်။ Starr ရဲ့ ဦးဆောင်မှုဖြင့် Packers အသင်းဟာ ပြည်နယ်အဆင့်ပြိုင်ပွဲမှာ ဖလား(၆)ခုကို ရယူနိုင်ခဲ့ပါ တယ်။ အမေ ရိကန် ဘော်လုံးအဖွဲ့ချုပ် National Football League (NFL) ဖလားကို (၅)ကြိမ်နှင့် ပထမဦးဆုံး Super Bowls ဆုဖလား (၂)ခုတို့ကို ယူဆောင်နိုင်ခဲ့ပါတယ်။

Starr ရဲ့ စိတ်ဓာတ်မြင့်တင်ရေးစကားဖြစ်တဲ့ “desire and dedication are everything” ဆိုတဲ့စကားဖြင့် သူ့ အသင်းသားများကို ခွန်အားတွေပေးခဲ့သဖြင့် Vince Lombardi ဆုဖလားကြီးကို ရယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစပြီး Starr ရဲ့ အသင်းကို ကမ္ဘာကစတင်သိလာခဲ့ပါတယ်။ Starr ဟာ ၁၉၇၁ခုနှစ်မှာ အနားယူခဲ့ပြီး Packers အသင်း မှာ နည်းပြအဖြစ်ဆက်လက်တာဝန်ယူခဲ့ပါတယ်။

Starr ဟာ အားကစားလောကမှ နှုတ်ထွက်ပြီးနောက် Alabama ရှိ Birmingham တွင် စီးပွားရေးသမားအဖြစ် နေထိုင်ရင်း နည်းပြလုပ်ခဲ့ပါတယ်။ Starr ဟာ Pro Bowl အဖြစ် (၄)ကြိမ်၊ All-Pro အဖြစ် (၂)ကြိမ် ချီးမြှင့်ခြင်းခံခဲ့ရပြီး Green Bay Packers အသင်းကို ၁၉၆၁ခုနှစ်၊ ၁၉၆၂ခုနှစ်၊ ၁၉၆၅ခုနှစ်၊ ၁၉၆၇ခုနှစ်နှင့် ၁၉၆၈ခုနှစ်တို့တွင် NFL ဆုဖလားများကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ထို့အပြင် ၁၉၆၆ ခုနှစ်တွင် NFL MVP ဆုကိုရခဲ့ပြီး 1960s All-Decade team ဟူသောနာမည်ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

Starr ဟာ ၁၉၆၅ခုနှစ်တွင် သူ့မိန်းမ Cherry နှင့်လက်ထပ်ခဲ့ပါတယ်။ ၁၉၈၈ခုနှစ်တွင် သူ၏သားအကြီး Brett ဟာ ကိုကင်းအမှုဖြင့် အသက် ၂၄နှစ်မှာ သေဆုံးသွားခဲ့ရပြီး ယခုအခါမှာတော့ ဒုတိယသားဖြစ်သူ Bart Jr ပဲကျန် ပါ တော့တယ်။ Starr ဟာ စိတ်ဓာတ်ခွန်အားအပြည့်ရှိသူတစ်ဦးဖြစ်ကြောင်း၊ လူတိုင်းအပေါ်မှာလည်း ကြင်နာတတ်တဲ့ သူ တစ်ဦးဖြစ်ကြောင်းနှင့် သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ဖခင်တစ်ဦးဖြစ်ကြောင်း သူ၏ကျန်ရစ်သူမိသားစုက ပူဆွေးဝမ်း နည်းစွာဖြင့် ပြောကြားခဲ့ပြီး၊ သူ့ရဲ့ Green Bay Packers အသင်းကလည်း Starr ရဲ့ သေဆုံးမှုဟာ သူတို့အသင်းရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *