အမေရိကန်ရေတပ် လေ့ကျင့်ရေးပြုလုပ်နေစဉ် အမျိုးသမီးစစ်သည်တစ်ဦး သေဆုံး

ဧပြီလ ၂၃ရက် အင်္ဂါနေ့က အမေရိကန် Illinois ပြည်နယ်တွင် ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း အသက် ၁၈နှစ်အရွယ်ရှိ အမျိုးသမီးစစ်သည်အသစ်ဖြစ်တဲ့ Kelsey Nobles သေဆုံးခဲ့ပါတယ်။ ယခုနှစ်အတွင်းမှာ အမေရိ ကန် ရေတပ်အတွင်း လေ့ကျင့်ရေးပြုလုပ်နေစဉ်သေဆုံးမှုဟာ ယခုအမှုအပါအဝင် ၂ မှုရှိသွားခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့ တဲ့ ဖေဖော်ဝါရီလ ၂၂ရက်ကလည်း အသက်၂၀ရှိ Kierra Evans ဟာ ကြံ့ခိုင်မှုဆိုင်ရာ စမ်းသပ်မှုအတွက် ၁.၅မိုင် ပြေးရာတွင် အမောဖောက်ပြီး သေဆုံးခဲ့ရပါတယ်။

Kelsey Nobles ၏ ဖခင်ဖြစ်သူ Harold Nobles က သူ့သမီးဟာ အလွန်ကျန်းမာ သန်စွမ်းသူ တစ်ယောက် ဖြစ် ကြောင်း၊ စိတ်ထားဖြူစင်ပြီး၊ သနားကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်တစ်ဦးကြောင်းနဲ့ နိုင်ငံကို ကာကွယ်ချင်တဲ့ စိတ် တစ်ခုတည်းကြောင့်သာ စစ်တပ်ထဲကိုဝင်ခဲ့တာဖြစ်ကြောင်း အခုလို လူတစ်ယောက်ဆုံးရှုံးခဲ့တာဟာ သူ့အတွက် ကြီးမား တဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ဝမ်းနည်းစွာပြောခဲ့ပါတယ်။ Kelsey Nobles သေဆုံးမှုအတွက် အမေရိကန် စစ်ဘက် ဆိုင်ရာ Website ဖြစ်တဲ့ Military.com မှာ ထပ်တူထပ်မျှဝမ်းနည်းကြောင်းရေးသားထားပြီး စစ်ထဲမဝင်မီ ကျန်းမာ ရေးနှင့် ပတ်သက်ပြီး စစ်ဆေးမှုကို ယခုထက်ပိုပြီး စနစ်တကျပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လေ့ကျင့်မှု အတွင်း လုံ ခြုံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားထားပါတယ်။

Source : FOX News

 

Leave a comment

Your email address will not be published.