အမေရိကန်ရဲ့သတ်မှတ်ချက်ကို “ပြင်းထန်တဲ့ရန်စမှု”လို့ မြောက်ကိုးရီးယားကပြောကြား

နိုဝင်ဘာ-၂၃တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုးရီးယားအား အကြမ်းဖက်မှုကို ထောက်ပံ့နေတဲ့တိုင်းပြည်အဖြစ်ကြေငြာခဲ့ပါတယ်။ ထိုကြောင့် မြောက်ကိုးရီးယားကလဲ ဒါဟာအမေရိကန်အနေနဲ့ “ပြင်းထန်တဲ့ ရန်စမှု”တစ်ခုဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ကိုးရီးယားဗဟိုသတင်းအေဂျင်စီက မြောက်ကိုးရီးယားဟာ အကြမ်းဖက်မှုတွေနဲ့လုံးဝဆက်စပ်မှုမရှိသောကြောင့် အမေရိကန်ရဲ့ နာမည်တပ်ခြင်းအပေါ် ဂရုမစိုက်ဘူးလို့ပြောခဲ့ပါတယ်။ထို့အပြင် မိမိနိုင်ငံကာကွယ်ဖို့ ” နျူကလီးယားရတနာဓားကို ပိုပြီး ကျစ်ကျစ်ပါအောင်ဆုပ်ထားရမယ်”ဆိုတာကို ပြောလိုက်တာပါဆိုပြီး ဖော်ပြထားပါတယ်။

အမေရိကန်ကိုလည်း သတင်းဌာနက အကြမ်းဖက်လူဆိုးဂိုဏ်းဟုလဲ သတ်မှတ်ပြောဆိုခဲ့ပါတယ်။ “လူဆိုးဂိုဏ်းတွေက ကျွန်တော်တို့တိုင်းပြည်ကို သူတို့စိတ်ထင်တိုင်းကြဲပြီး အလွန်ပြင်းထန်း မုန်းတီးဖို့ကောင်းတဲ့ “အကြမ်းဖက်သမား”ဟုစာရင်းထည့်ခဲ့တဲ့အတွက် ကျွန်တော်တို့စစ်တပ်နဲ့ပြည်သူတွေက အလွန်ပင်ယုတ်မာလွန်းလှတဲ့ အကြမ်းဖက်လူဆိုးဂိုဏ်းတွေကို အရမ်းကိုဒေါသထွက်နေတယ်”လို့ သတင်းဌာနကပြောခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *