အမေရိကန်လူမျိုး အိုလံပစ်ကစားသမား Gus Kenworthy ဟာ ကိုးရီးယားနိင်ငံမှခွေးအကောင် ကိုးဆယ်ကျော် ကယ်ဆယ်ခဲ့

အမေရိကန်လူမျိုး အိုလံပစ်ကစားသမား Gus Kenworthy ဟာခွေးတွေရဲ့ အကောင်းဆုံးသူငယ်ချင်း သို့မဟုတ် သူရဲကောင်းတစ်ဦးလို့ပြောရင်လည်း မမှားပါ။ Gusဟာ အိုလံပစ်ရွာအနီးမှာ လျှောက်ကြည့်ရင်း ခွေးပေါင်း၁၇၀၀၀ကျော် မွေးမြူထားတဲ့ခွေးခြံကိုတွေ့ရှိခဲ့ပါတယ်။

၎င်းခွေးခြံရှိ ခွေးများဟာအိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားခြင်းမဟုတ်ဘဲ သတ်စားရန် ရည်ရွယ်ချက်ဖြင့် မွေးမြူထားခြင်း ဖြစ်ပါတယ်။ ကိုးရီးယားနိုင်ငံတွင် ခွေးသားစားခြင်းမှာအစဉ်အလာ တစ်ခုလိုဖြစ်နေပြီး တားမြစ်လို့ မရနိုင်သေးပါ။ အမေရိကန် အိုလံပစ် စကိတ်ကစားသမား Gus က ယခုလို လုပ်ခြင်းမှာ လူသားဆန်သောလုပ်ရပ်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Pyeongchang မြို့မှာယခု အိုလံပစ်အားကစားပွဲများ ကျင်းပနေပြီးGus မှ ၎င်းခွေးခြံကို တွေ့ရှိခဲ့ပြီး လက်ရှိ မွေးထားသော ခွေးအကောင် ကိုးဆယ်ကို ကယ်ဆယ်ခဲ့ကြောင်း ဆိုပါတယ်။ ခွေးများမှာလှောင်အိမ် ကျင်းကျင်းထဲတွင် ကျင်းကျပ်စွာ နေထိုင်ရပြီး ထိုကဲ့သို့ ဖြစ်စဉ်မှာ ကမ္ဘာတစ်ဝှမ်းတွင်ရှိတယ်ဟုလည်း ပြောကြားခဲ့ပါတယ်။ လူသားတိုင်းဟာ တိရစ္ဆာန်တိုင်းကို သနားကျင်နာ သင့်ကြောင်းလည်းပြောကြားခဲ့ပါတယ်

Leave a comment

Your email address will not be published.