အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ မစ္စတာရှီ တို့နှစ်ယောက် စီးပွားရေးသဘောတူညီချက်လက်မှတ်ရေးထိုး

နိုဝင်ဘာလ ၉ရက်နေ့ နံနက်ပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ၏အာရှခရီးစဉ် တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တရုတ်နိုင်ငံကိုရောက်ရှိခဲ့ပြီး တရုတ်သမ္မတဖြစ်တဲ့ မစ္စတာရှီက အခမ်းအနားဖြင့်ကြိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ ခရီးစဉ်မှာ ထရမ့်က မြောက်ကိုရီးယားရဲ့ ဒေသအတွင်း နျူကလီးယားလျော့ချရေးနဲ့ ပတ်သက်ပြီး အားတက်သရောနားချပေးရန်အတွက် သမ္မတရှီကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့ပြင် မစ္စတာထရမ့်က တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုပိုလျှံမှုနှင့် ပတ်သက်ပြီး တရုတ်အနေနဲ့ အကျိုးအမြတ်ယူနေဒါကို အပြစ်မတင်ဘူးဟု အံ့အားသင့်ဖွယ်စကားတစ်ခွန်းကို သမ္မတရှီအား ပြောခဲ့တယ်လို့သိရပါတယ်။

ထိုခရီးစဉ်အတွင်းမှာ နိုင်ငံ့ခေါင်းဆောင်(၂)ဦးဟာ အမေရိကန်ဒေါ်လာ ၂၅၀ဘီလျံ တန်ဖိုးရှိတဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့သိရပါတယ်။ ၎င်းသဘောတူညီချက်ဟာ ယခင်ကလုပ်ခဲ့ပြီးသော ကိစ္စများအတွက်လား နောင်အနာဂတ်မှာ လုပ်မဲ့ကိစ္စအတွက် အကျုံးဝင်သလားဆိုတာကတော့ မသိရှိရသေးပါ။

နိုဝင်ဘာ ၉ရက်နေ့ညမှာတော့ ထရမ့်ကိုညစာစားပွဲနှင့် ဧည့်ခံခဲ့တယ်လို့သိရပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သူ၏အာရှ(၅)နိုင်ငံခရီးစဉ်အဖြင့် တောင်ကိုရီးယား၊ ဂျပန်နှင့် ယခုတရုတ် တို့ကိုသွားရောက်ခဲ့ပြီးနောက် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို သွားဖို့ အစီအစဉ်ရှိနေပါသေးတယ်။

Leave a comment

Your email address will not be published. Required fields are marked *