အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြည်ပ Telecoms များအသုံးပြုခြင်းကိုတားမြစ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့နိုင်ငံအတွင်းရှိ ကုမ္ပဏီများနှင့် ပြည်သူများကို ပြည်ပ Telecoms များ အသုံးမပြုရန်အတွက် အရေးပေါ်တားမြစ်ချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ဟာ စီးပွားရေးနဲ့ ပတ် သက်ပြီး တင်းမာမှုတွေရှိနေကြတာ အားလုံးအသိပဲဖြစ်မှာပါ။ တရုတ်ဟာ စီးပွားရေးမှာ တစ်နှစ်ထက်တစ်နှစ် ပိုမို အင်အားကြီးလာတာနဲ့အမျှ အမေရိကန်ကလည်းတရုတ်ရဲ့ ထုတ်ကုန်တွေ နိုင်ငံအတွင်းသုံးစွဲမှုကို တားမြစ်ချက်တွေ တစ်ခုပြီးတစ်ခု ထုတ်လာတာကို တွေ့ရပါတယ်။ ယခုလည်း ပြည်ပ Telecom လို့သာ အမည်တပ်ခဲ့ပေမယ့် အဓိက တား မြစ်ချင်တာက Huawei ရဲ့ 5G ကွန်ရက်ပဲဖြစ်တယ်ဆိုတာ သိတာထင်ရှားပါတယ်။

Huawei ဟာ ယခုနှစ်အစောပိုင်းမှာ 5G ကွန်ရက်ကို တီထွင်နိုင်ခဲ့ပြီး US တွင်အသုံးပြုဖို့ရန်အတွက် ကြိုးစားခဲ့ရာတွင် သမ္မတ Trump က နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် လုံခြုံစိတ်ချရမှုမရှိဘူးလို့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ သို့သော် Huawei ကလုံခြုံမှုအပြည့်အဝရှိကြောင်း၊ ပြန်လည်ပြသခဲ့သဖြင့် ယခုအခါမှတော့ နာမည်မတပ်တော့ပဲ ပြည်ပ Telecoms များသုံးစွဲခြင်းအားဖြင့် နိုင်ငံရဲ့အရေးကြီးအချက်အလက်တွေ လုံခြုံရေးတွေအတွက် အန္တရာယ် ရှိနိုင် တယ်ဆိုပြီး သုံးစွဲခွင့်ကို တာမြစ်ချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန် တို့အားပြိုင်တဲ့ကြားမှာ Huawei ကုမ္ပဏီ ကြားညှပ်နေရတာကတော့ စိတ်မကောင်းစရာ ကိစ္စတစ်ခုပါ။

Huawei ရဲ့ 5G ကွန်ရက်ကို တရုတ်ပြည်မှာစတင် သုံးစွဲနေပြီဖြစ်ပေမယ့် အမေရိကန်က လက်မခံတဲပအတွက် အမေ ရိကန်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဩစတြေးလျနှင့် နယူးဇီလန်တို့ကလည်း Huawei ရဲ့ 5G ကိုငြင်းဆို ခဲ့ပါတယ်။ Huawei ဘက်ကတော့ သူတို့ဟာ တရုတ်အစိုးရနဲ့ ပတ်သက်မှုလုံးဝမရှိကြောင်း၊ သူတို့ရဲ့ Telecom ဟာ လုံခြုံ စိတ် ချရပါကြောင်း၊ သမ္မတ Trump ပြောသလို မဟုတ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ယခုလို နိုင်ငံကြီး (၂) နိုင်ငံရဲ့ အားပြိုင်မှုမှာ ဘယ်လိုအကျိုးရလဒ်တွေ ဖြစ်ပေါ်လာမလဲ၊ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ ဆိုတာကို ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *