အမေရိကန်အောက်လွှတ်တော်က လူမျိုးတုံးသတ်ဖျက်မှုရပ်စဲရေး အတည်ပြု

မနေ့က အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အတည်ပြုလိုက်သည့် အချက် (၉)ခုမှာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုံးသတ်ဖျက် တိုက်ခိုက်ခံရမှုများ ရပ်ဆိုင်းရန်၊လူသားခြင်းစာနာထောက်ထားရေး အကူအညီများကို မြန်မာနိုင်ငံအတွင်းချပြနိုင်ရန်နှင့် အခွင့်အရေးရရှိရန် ဆိုတဲ့ အတည်ပြုချက်တစ်ခုပါဝင်ခဲ့ပါသည်။

ကော်မတီဥက္ကဋ္ဌ Royce ပြောခဲ့တာက ပြီးခဲ့တဲ့လပိုင်းမှာ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးရဲ့ သားကရေနစ်သေးပြီး အိမ်ပါမီးရှို့ခံခဲ့ရတဲ့ ပြောစကားကိုကြားခဲ့ရတယ်။အခုအောက်လွှတ်တော်က အတည်ပြုချက်အရ ကမ္ဘာမှာအနှိပ်စက်အခံရဆုံးလူမျိုးတစ်မျိုးဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အစိုးရနှင့်တပ်မတော်က ဒုက္ခသည်တွေကို ကိုယ့်အိမ်ကိုယ်ပြန်နိုင်ဖို့ လုပ်ဆောင်ပေးရန် တောင်းဆိုထားကြောင်း ပြောခဲ့ပါတယ်။

Source : RFA Burmese

Leave a comment

Your email address will not be published.