အမေရိကန်၌ တစ်ပတ်အတွင်း လိင်ပြောင်းအမျိုးသမီး (၂)ဦး အသတ်ခံရ

အသက် ၂၃နှစ်အရွယ်ရှိ Bee Love Slater ဆိုသူဟာ တစ်နှစ်အတွင်း အမေရိကန်မှာ (၁၈) ယောက်မြောက် အသတ်ခံရတဲ့ လိင်ပြောင်းအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ထို့အပြင် Bee Love Slater မသေဆုံးမီ ထိုအပတ်ထဲမှာပဲ အသက် ၁၇နှစ်အရွယ်ရှိ လိင်ပြောင်းအမျိုးသမီး Bailey Reeves လည်းသေဆုံးခဲ့ရပါသေးတယ်။

Hendry ခရိုင် ရဲအရာရှိတစ်ဦး၏ ပြောပြချက်အရ Slater ဟာ စက်တင်ဘာလ (၄)ရက်နေ့တုန်းက တစ်ကိုယ်လုံးကို ရစရာမရှိအောင် မီးရှို့ကာသတ်ခြင်းခံခဲ့ရတာဖြစ်သောကြောင့် အလောင်းဟာမည်သူဖြစ်သည်ကို စစ်ဆေးနေတာ ကြာ နေတဲ့အတွက် ယခုအချိန်မှ Slater ဖြစ်ကြောင်း ထုတ်ပြောနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

Bailey Reeves ကတော့ Baltimore ရပ်ကွက်မှာ ပါတီပွဲပြီးလို့အပြန်လမ်းတွင် သေနတ်ဖြစ် ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါ တယ်။ ထို့ကြောင့် တစ်နှစ်အတွင်း လိင်ပြောင်းအမျိုးသမီးများကို သတ်မှုဖြစ်ပွားတာ (၁၈)ဦးအထိရှိခဲ့ပြီး (၁၁)ဦးက တော့ သေနတ်ဖြင့် ပစ်သတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

လူ့အခွင့်အရေးအဖွဲ့အစည်းများကတော့ ယခုလိုမျိုး လိင်ပြောင်းအမျိုးသမီးတွေကို ပစ်မှတ်ထားပြီး သတ်နေတာ ဖြစ်တဲ့ အတွက် လိင်ပြောင်းအမျိုးသမီးများ၏ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့အခြေအနေမှာရှိကာ အမေရိကန်အနေဖြင့် လိင် ပြောင်းအမျိုးသမီးတွေအတွက် ထိရောက်တဲ့ကာကွယ်မှုတွေပေးဖို့ လိုအပ်နေပြီးဖြစ်ကြောင်း ပြောကြားနေပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *