အမေရိကန်၏ စီးပွားရေးနှင့်ပတ်သက်ပြီး အမြတ်မထုတ်ကြရန် ဒေါ်နယ်ထရမ့်မှသတိပေး

ကုန်သွယ်ရေးမှာ နှစ်ရှည်လများ အလွဲသုံးစားပြုခံရမှုမှ ကာကွယ်ရန် အမေရိကန်ကို အခြားနိုင်ငံက အခွင့် အရေးယူခြင်းခံရမှုကနေ နောက်ဘယ်တော့မှခွင့်ပြုတော့မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က ကမ္ဘာ့ခေါင်းဆောင်တွေကို သတိပေးလိုက်ပါတယ်။

အာရှပစိဖိတ် ထိပ်သီး စီးပွားရေးဆွေးနွေးပွဲမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို စီးပွားရေးအရ အမေရိကန်ကို ချဉ်းကပ်ရာမှာ တရားမျှတတဲ့ နည်းလမ်းနဲ့ သော်လည်းကောင်း အပေးအယူမျှတဲ့နည်းလမ်းနဲ့သော်လည်းကောင်း သူ့နိုင်ငံမှာ ကျင့်သုံးနေတဲ့နည်းလမ်းအတိုင်း လုပ်ဆောင် သွားကြဖို့ ဒေါ်နယ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သူဟာ ကမ္ဘာ့ကုန်သွယ်ရေး အရေးကိစ္စနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့လုပ်ဆောင်နေတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းကိုလည်း တိုက်ခိုက်ပြောဆိုလိုက်ပြီး နိုင်ငံခြားငွေလဲလှယ်ရာမှာ ဈေးကစားနေခြင်း၊ ထုတ်ကုန်တွေ အဖတ်မတင်ခြင်း နဲ့ အစိုးရကုန်ပစ္စည်းတွေ အစားထိုးလဲလှယ်ပေးရခြင်းတို့ကြောင့် အမေရိကန်ဘက်က ဖိနှိပ်ခံရသလိုဖြစ်နေရခြင်း အပေါ် ပြောဆိုတာဖြစ်ပါတယ်။

“ နှစ်ဘက်စလုံးသာတူ ညီမျှတဲ့ ဈေးကွက်တစ်ခုပေါ်လာဖို့ဖြစ်ပြီး အစိုးရက အစီအစဉ်ရှိထားတဲ့ အဖွဲ့မဟုတ်ပဲနဲ့ ပုဂ္ဂိုလ်လိက လုပ်ငန်းရှင်တွေ တိုက်ရိုက်ရင်းနှီးမြုပ်နှံတဲ့ ဈေးကွက်တစ်ခု ပေါ်ပေါက်လာဖို့မျှော်လင့်ပါတယ်။” လို့ ထရမ့်ကပြောပါတယ်။

“ကံဆိုးစွာနဲ့ပဲ နေရာတော်တော်များများမှာ အချိန်အတိုင်းအတာတစ်ခုအထိ ဆန့်ကျင်ဘက်တွေပဲဖြစ်လာပါတယ်။”

တရုတ်မှာ ကြာသပတေးနေ့က ဈေးကွက်အပြောင်းအလဲ ဖြစ်ပေါ်နေမှုမှာ အမေရိကန်က လူတွေ ထိခိုက်နစ်နာခဲ့ရတာကို လျစ်လျူရှုနေတဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းကို သတိပေးလိုက်ပါသေးတယ်။

ဒီလို အကြမ်းဖက်ခံနေရမှုအတွက် အမေရိကန်ဟာ မျက်စိပိတ် ပြီး နေနေမှာ မဟုတ်ပါဘူး။ စီးပွားရေးမှာ အမေရိကန်တွေက လှည့်စားခံနေရတယ်။ ကျူးကျော်ခံနေရတယ်။ “သူခိုးကြမ်းပိုးလို မထီလေးစား လုပ်နေတဲ့အကွက်တွေအတွက် နောက်ထပ်သည်းခံမှာ မဟုတ်ပါဘူး။” လို့ခြိမ်းခြောက်ပြီးတော့လည်း ပြောပါတယ်။

ဒီလိုပြောကြားရာမှာ တရုတ်လို့ တိုက်ရိုက် နာမည်တပ်ပြောတာမဟုတ်ပဲ သူပြောတဲ့မိန့်ခွန်း ထဲက စွပ်စွဲချက်တွေမှာ အသံမြင့်တက်လာပြီး သူပြောသမျှတွေဟာ တရုတ်ကို ဆန့်ကျင်တဲ့အရာတွေဖြစ်နေလို့ပါပဲ။ ထရမ့်ရဲ့ မိန့်ခွန်း ဟာ ဗီယက်နမ်မှာ ပြောကြားတာဖြစ်ပြီး သူ့ရဲ့ အာရှခရီးစဉ်တွေကတော့ ဂျပန် နဲ့ တောင်ကိုးရီးယားတို့ပါဝင်ပြီး အဲ့မှာလည်း အလားတူမိန့်ခွန်းပဲပြောကြားတာဖြစ်ပါတယ်။ သူ့ခရီးစဉ်ကို ဖီလစ်ပိုင်မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ ကိုးရီးယားကျွန်းဆွယ်မှာ ဖြစ်နေတဲ့ တင်းမာမှုကို ရည်ညွှန်းပြီး ဒေါ်နယ်ထရမ့်က အာရှ-ပစိဖိတ် က ကိုယ်စားလှယ်တွေကို “ကျွန်တော်တို့ ဟာ လုံခြုံရေးကို ခြိမ်းခြောက်ခံနေရတဲ့ ကိစ္စတွေမရှိဘူးဆိုရင် အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှုဟာ ကျွန်တော်တို့ ကမ္ဘာမှာတည်ရှိနေမှာဖြစ်ပါတယ်။” အဲ့လိုမဟုတ်ခဲ့ရင်တော့ ကမ္ဘာကြီးမှာ ကြွယ်ဝမှုတွေကြာကြာခံမှာမဟုတ်ပါဘူး။

ကင်ဂျုံအန်ကို တိုက်ခိုက်တဲ့အနေနဲ့ “ မြောက်ကိုးရီးယားဒေသ နဲ့ သူ့နိုင်ငံက လှပတဲ့သူတွေဟာ အကြမ်းဖက်မှုမှာအောင်နိုင်သူတွေအဖြစ် စိတ်ကူးယဉ်အိမ်မက်တွေနဲ့ အမှန်တစ်ကယ်တော့ အာဏာရှင်အစိုးရရဲ့ လှည့်ကွက်တွေထဲမှာ ဓါးစာခံဖြစ်နေကြပါတယ်။”

ကြာသပတေးနေ့က ဘေဂျင်းမှာ ပြုလုပ်တဲ့စီးပွားရေးဆွေးနွေးပွဲတစ်ခုမှာလည်း ပြုံရမ်းရဲ့ နျူးကလီးယား ရည်မှန်းချက်နဲ့ သဘောတူညီမှုရယူရာမှာ “အချိန်ကုန်တာမြန်လွန်းပါတယ်” လို့ပြောပါတယ်။

ဒါပေမယ့် တင်းမာမှုတွေ လျော့ကျသွားစေဖို့ ကြိုးစားရာမှာ အမေရိကန်အတွင်းရေးမှူး ရက်တယ်လာဆန်က မြောက်ကိုးရီးယားက ကင်ဂျုံအန်း နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ တံခါးဖွင့်ပေးထားရာမှာ လမ်းကြောင့်သုံးခုရှိတယ်လို့ပြောပါတယ်။

“ကင်ဂျုံအန်းဘက်က သံတမန်နည်းလမ်းအရ ပြောကြားလာမယ့်အရာကို ကျွန်တော်တို့က နားထောင်ဖို့ အဆင်သင့်ရှိတယ်လို့” သူပြောပါတယ်။ “ပြည်သူတွေကို ချပြပြောဆိုမယ့် မည့်သည်အရာမဆို သူပြောချင်တဲ့အရာဆို ပြောနိုင်ပြီး  ကျွန်တော်တို့ဘက်က သံတမန် နည်းလမ်းအရ ပြောဖို့လိုအပ်မယ့်အရာတွေကို တော့ သူ့ဖက်ကလည်း ချပြစရာမလိုုရင် ကျွန်တော်တို့ဘက်ကလည်း ချပြမှာ မဟုတ်ပါဘူး”။

“ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ နှစ်ဖက်လုံး ဆွေးနွေးနိုင်မယ့် နေ့တစ်နေ့ဟာ ရောက်ရှိလာမှာဖြစ်ပြီး နှစ်ဖက်လုံးက အိုကေ လို့ပြောလာမယ့် အနေအထားထိ ရောက်လာနိုင်ဖို့ ပြောဆိုဆွေးနွေးဖို့ ပထမဆုံး အချိန်ဟာ အခုအချိန်ဟာ အကောင်းဆုံးအချိန်ဖြစ်လို့ပါပဲ”

Source: Sky News

Leave a comment

Your email address will not be published. Required fields are marked *