အမေရိကန်-မက္ကဆီကိုနယ်ခြား တံတိုင်းတည်ဆောက်ဖို့ အတွက် ပင်တဂွန်စစ်ဌာနချုပ် အာဏာပိုင်များက ဒေါ်လာ ၁ဘီလီယံ လွှဲပြောင်းပေး

အမေရိကန်သမ္မတထရန့်ဟာ သူ့သမ္မတသက်တမ်းမှာ အမေရိကန်-မက္ကဆီကိုနယ်ခြားတံတိုင်းကို ပြီးအောင် ဆော င်ရွက်သွားမယ်လို့ ကတိပြုထားတာဖြစ်ပါတယ်။ သူကတိပြုထားသလိုပဲ မတ်လ ၂၆ရက်နေ့ အင်္ဂါနေ့မှာ ပင်တဂွန် စစ်ဌာ နချုပ်က တံတိုင်းဆောက်လုပ်ဖို့အတွက် စစ်ဘက်ဆိုင်ရာ ဆောက်လုပ်ရေး အင်ဂျင်နီယာများကို ဒေါ်လာ၁ ဘီလီယံ ပေး အပ်လိုက်ပြီးဖြစ်ပါတယ်။

၎င်း ဒေါ်လာ၁ဘီလီယံဟာ နိုင်ငံရဲ့ အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ အတွက်ထားတဲ့ ရန်ပုံငွေတွေဖြစ်တာကြောင့် အမေရိကန် ကွန်ဂရက်က ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ ထရန့်က ဗီတို အာဏာကို အသုံးပြုပြီး ပင်တဂွန်ကို အသုံးပြု စေခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်မှာ အမေရိကန်ရဲ့ နယ်မြေလုံခြုံရေးအတွက် နယ်စပ်တစ်လျှောက် ၅၇မိုင် အကွာ အ ဝေးကို ၁၈ပေ အမြင့်ရှိတဲ့ တံတိုင်းကြီး တည်ဆောက်မှာဖြစ်ပါတယ်။ ယခုလွှဲပြောင်းပေးလိုက်တဲ့ ဒေါ်လာ၁ ဘီလီယံ ဟာ ၎င်းနေရာတွင် လမ်းဖောက်ရန်၊ မီးတိုင်များတည်ဆောက်ရန်နှင့် တံတိုင်းတည်ဆောက်ဖို့အရန်အတွက် ဖြစ်တယ် လို့ သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published.