အမေရိကန် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း Boston သို့ဆိုက်ရောက်ပြီးနောက် ခရီးသည် ၁၃ဦးအား ဆေးရုံသို့ပို့ဆောင်လိုက်ရ

အမေရိကန် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက် တနင်္ဂနွေနေ့မှာ Miami မှ Boston ပြေးဆွဲခဲ့ပါတယ်။ ထိုခရီးစဉ်မှာ လိုက်ပါလာသော ကျောင်းသားများဟာ လေယာဉ်ပေါ်မှာရုတ်တရက် ဖျား သွားပါတယ်။ ထို့ကြောင့် လေကြောင်းလိုင်းက Boston ရှိကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်ပြီး လေယာဉ် ဆိုက် ရောက်ရောက်ခြင်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ကျောင်းသား စုစုပေါင်း ၁၃ ဦးဖြစ်ပြီး အသက်ကတော့ ၁၅နှစ်မှ ၁၇နှစ် အတွင်းတွေဖြစ်ကြပါတယ်။ ထူးဆန်းတာက ၁၃ ဦးစလုံး ရုတ်တရက် ဖျားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ Boston ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ချက်အခု ကျောင်းသားများ၏ ရောဂါလက္ခဏာအရ သာမန် အဖျားဝင်တာဖြစ်တယ်လို့ သိရပါတယ်။ ဘာ အတွက်ကြောင့်အခုလို ဖြစ်ရသလဲဆိုတာကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *