အမေရိကန် Alaska တွင် လေယာဉ်တိုက်မှုဖြစ်ပွားရာ လူ(၂)ဦးသေဆုံး

မေလ ၂၁ရက် အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု Alaska ပြည်နယ် Metlatkatla ဆိပ်ကမ်း၌ လေယာဉ် မတော် တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ Taquan လေကြောင်းလိုင်းဟာ Metlatkatla တွင် floatplane လေယာဉ်များကို ပြေးဆွဲနေတာကြာပါပြီ။ ၎င်းလေကြောင်းလိုင်းမှ Beaver အမည်ရှိ floatplane ဟာ ခရီးစဉ်ပြီးလို့ ဆင်းသက်ရာ မှာ လေထဲမှာရှိတဲ့ လှေတစ်စီးနဲ့ တိုက်မိသွားခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။

Ketchikan ရှိ အစောင့်အဖွဲ့ရဲ့ ဖော်ပြချက်အရ ယာဉ်မောင်တစ်ဦးနဲ့ ခရီးသည်တစ်ဦး စုစုပေါင်း (၂)ဦး သေဆုံးသွား ခဲ့တယ်လို့ သိရှိရပါတယ်။ Taquan လေကြောင်းလိုင်းရဲ့ ပြောပြချက်အရ ၎င်းလေယာဉ်နှင့်ပါသွားတဲ့ ခရီးသည်များ ဟာ အပျော်တမ်း ရှုခင်းကြည့်ဖို့သွားခဲ့ကြတဲ့ ခရီးသည်တွေမဟုတ်ပဲ၊ ပုံမှန်သွားနေတဲ့ ခရီးကိုလိုက်ပါစီးနင်းကြတဲ့ ခရီး သည် တွေဖြစ်ကြောင်း သိရှိရပါတယ်။ အခင်းဖြစ်ပွားတာကို ဆိပ်ကမ်းရှိအစောင့်များက တွေ့ရှိခဲ့ပြီး ဆိပ်ကမ်း စောင့် ကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသတွင်းရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားပြီး ချက်ခြင်းကယ်ဆယ်ရေး လုပ်ငန်းကိုဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဆိပ်ကမ်းရှိ အစောင့်အဖွဲ့များက လှေဖြင့်သွားရောက်ကယ်ဆယ်ခဲ့ပြီး၊ ဒေသတွင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က အစောင့်အဖွဲ့များမရောက်မီ ရှေ့ဦးစွာ အခင်းဖြစ်ပွားရာသို ့ဟက်စကီးဖြင့် သွားရောက်ကယ်ဆယ်ခဲ့တယ်လို့သိရပါတယ်။

Taquan လေကြောင်းလိုင်းဟာ ယခုပါဆိုရင် တစ်လအတွင်းမှာ မတော်တဆမှုဖြစ်ပွားတာ (၂)ကြိမ်ရှိပြီးဖြစ်ပါတယ်။ ရှေ့အပတ်ကလည်း ၎င်းတို့ရဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့တဲ့အတွက် လေယာဉ်မှုးတစ်ဦးနဲ့ ခရီးသည်(၅)ဦး စုစု ပေါင်း(၆)ဦး သေဆုံးခဲ့ရပါတယ်။ ထိုသို့ ရှေ့စေ့နောက်စေ့ လေယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် Taquan လေ ကြောင်းလိုင်းက သူတို့ရဲ့ လေယာဉ်တွေ အားလုံးကို ပြန်လည်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *