အမေရိကန် Alaska ဝေဟင်ပေါ်သို့ ရုရှာဗုံးကြဲလေယာဉ်နှင့် တိုက်လေယာဉ်များ ကျူးကျော်ပျံသန်းခဲ့

မေလ ၂၂ရက် ဗုဒ္ဓဟူးနေ့တွင် Alaska ဝေဟင်သို့ ရုရှားရဲ့ ဗုံးကြဲလေယာဉ်နှင့် တိုက်လေယာဉ် များလာ ရောက် သွား ခဲ့ကြောင်း မြောက်အမေရိက လေကြောင်းကာကွယ်ရေးဌာန၏ ပြောပြချက်အရသိရှိရပါတယ်။ ဒီတစ်ကြိမ်ပါဆို တစ်ပတ် အတွင်းမှာ ရုရှားလေယာဉ်များ Alaska ကို လာရောက်ကြည့်ရှုတာ (၂)ကြိမ်ရှိသွားခဲ့ပြီးဖြစ်ပါတယ်။

ရုရှားရဲ့ F-22 လေယာဉ် (၂)စင်းဟာ ဗုဒ္ဓဟူးနေ့တွင် ပထမဦးစွာလာရောက်ပျံသန်းကာ အခြေအနေကြည့်ပြီး ပြန် လှည့်သွားပါတယ်။ မကြာမီမှာပဲ Tu-95 ဗုံးကြဲလေယာဉ်တစ်စင်းဟာ Su-35 တိုက်လေယာဉ် (၂)စင်းခြံရံကာ ပြန် လာခဲ့တယ်လို့သိရပါတယ်။ ၎င်းဗုံးကြဲလေယာဉ်နှင့် တိုက်လေယာဉ်တို့ဟာ ဘာတစ်ခုမျှမလုပ်ပဲ ဖြတ်ပျံရုံမျှသာ ဖြတ်ပျံသွားခဲ့ပါတယ်။

မေလ ၂၁ရက် တနင်္လာနေ့တုန်းကလည်း Tu-95 ဗုံးကြဲလေယာဉ် (၂)စင်းဟာ Alaska ကိုဖြတ်ပျံသွားခဲ့ပါသေးတယ်။ ထိုစဉ်က Tu-95 တစ်စင်းက F-22 တိုက်လေယာဉ် (၂)စင်း ခြံရံကာပျံသန်းခဲ့ပြီး နောက်တစ်စင်းကတော့ Su-35 တိုက်လေယာဉ် (၂)စင်း ခြံရံကာ ဖြတ်ပျံသွားခဲ့တယ်လို့ မြောက်အမေရိက လေတပ်ကာကွယ်ရေးဌာန၏ ပြောပြချက် အရ သိရှိရပါတယ်။

ရုရှားဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလိုပြုလုပ်ရသလဲဆိုတာကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။ သို့သော် ၎င်း တို့ရဲ့ လေယာဉ်တွေအနောက်ကို US ရဲ့ တိုက်လေယာဉ်တချို့က ခြေရာခံလိုက်လာခဲ့တယ်လို့ ရုရှား ကပြောကြား ခဲ့ပါ တယ်။ US နဲ့ ရုရှား တိုက်လေယာဉ်များဟာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်စပ်မှာ အပြန်အလှန်ဖြတ်ပျံနေကြတာ ကြာခဲ့ ပြီးဖြစ်ပါတယ်။ မတ်လတုန်းကလည်း US ရဲ့ B-52 ဗုံးကြဲလေယာဉ်ဟာ Europe ရှိ Baltic မြစ်ပေါ်ကို တိုက်လေယာဉ် များ ခြံရံပြီးဖြတ်ပျံခဲ့ပါသေးတယ်။

Source : Fox News

Leave a comment

Your email address will not be published. Required fields are marked *