အမေရိကန် Dayton မြို့ထဲတွင် ပစ်ခတ်မှုကြောင့် လူ ၉ ဦးသေဆုံး

ဩဂုတ်လ ၄ရက် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည(၁)နာရီတွင် အမေရိကန် Ohio ပြည်နယ်၊ Dayton မြို့၌ အကြမ်း ဖက်သမားတစ်ဦးမက သေနတ်ဖြင့် ပစ်ခက်မှုကြောင့် လူ(၉)ဦးသေဆုံးကာ (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိ ရှိရပါတယ်။ ရဲများ၏ထုတ်ပြန်ချက်အရ အခင်းဖြစ်ပွားစဉ်များပဲ အကြမ်းဖက်သမားကို သေနတ်ဖြင့်ပစ်သတ် နိုင်ခဲ့တယ် လို့ သိရပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာကတော့ Dayton မြို့၊ E 5th လမ်းပေါ်ရှိ Ned Peppers Bar ရှေ့တွင်ဖြစ်ပြီး တစ်မြို့လုံး သေန တ်သံများဖြင့် ဆူညံသွားသလို လမ်းပေါ်ရှိလူများလည်း ထွက်ပြေးခဲ့ရတယ်လို့ မျက်မြင်သက်သေတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ၎င်းအမှုဟာ Mexico နိုင်ငံ၊ Texas ပြည်နယ်၊ Ei Paso မြို့တွင် ပစ်ခတ်မှုအပြီး (၁)နာရီအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Ei Paso မြို့အတွင်း ပစ်ခတ်မှုကြောင့် အနည်းဆုံး (၂၀)ဦး သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

လက်ထောက်ရဲချုပ် Matt Carper ၏ ပြောပြချက်အရ ကင်းလှည့်ရဲသားတစ်ဦးက အကြမ်းဖက်သမားစတင် ပစ်ခတ်ပြီး ၁မိနစ်အတွင်းမှာပဲ ပစ်သတ်နိုင်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။ရဲများဟာ ထိုကိစ္စတွေအတွက် အထူးလေ့ကျင့်ပေး ထားတာဖြစ်တဲ့အတွက် အခုလိုမျိုးအချိန်တိုအတွင်းမှာ တားဆီးနိုင်ခဲ့တာဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

အကြမ်းဖက်သမားဟာ ကျည်ကာအင်္ကျီကိုဝတ်ဆင်ထားပြီး သူ၏သေနတ်အတွက် လိုအပ်သည့် အပိုပစ္စည်းများ ကို လည်း ယူဆောင်ခဲ့ပါတယ်။ သို့သော် အကြမ်းသမားဟာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူဘာကြောင့်အခုလို လုပ်ရ သ လဲဆိုတာကိုတော့ ယခုအချိန်အထိမသိရသေးပါဘူး။ ရဲများက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်တဲ့ အပြင် ထိုအမှုနဲ့ ပတ်သက်ပြီး စုံစမ်းရာတွင် FBI ကလည်း ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *