အမေရိကန် Missouri ပြည်နယ် Kansas မြို့တော် ဘားတစ်ခုအတွင်း ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံး

အောက်တိုဘာလ (၆)ရက် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက်၁ နာရီ ၂၇ မိနစ် (2:27 a.m. ET) တွင် Kansas မြို့ရှိ Tequila KC bar အတွင်း၌ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ထိုပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးကာ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိ ရပါတယ်။ တရားခံများကိုတော့ ယခုအချိန်အထိ ဖမ်းမိထားခြင်းမရှိသေးပါဘူး။

စုံစမ်းစစ်ရေးအဖွဲ့၏ ပြောပြချက်အရ သေဆုံးသွားသူများဟာ စပိန်လူမျိုးများဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ ၅ ဦးကိုတော့ ဆေးရုံ တင် ထားကာ တနင်္ဂနွေနေ့ မနက်မှာအနည်းဆုံး ၂ ဦးလောက် ဆေးရုံကပြန်ဆင်းသွားတယ်လို့သိရပါတယ်။ တရားခံဟာ ၂ ဦးဖြစ်နိုင်ပြီး အခင်းဖြစ်ပွားတဲ့နေရာတွင် သေနတ်အိတ်ကို တွေ့ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ Tequila KC bar ရှိ လုံခြုံရေး ကင်မရာ မှတစ် ဆင့် တရားခံများဟာ ဘယ်သူတွေလဲဆိုတာကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *