အမေရိကန် Pennsylvania ပြည်နယ်တွင် ဆေးအလွန်အကျွံသုံးမှုကြောင့် (၃)ဦးသေဆုံးကာ (၄)ဦးဆေးရုံတင်ထားရ

အမေရိကန်ပြည်ထောင်စုPennsylvaniaပြည်နယ်၊Pittsburghမြို့တောင်ပိုင်းတွင်စက်တင်ဘာလ၂၂ ရက်တနင်္ဂနွေနေ့ နက်နံပိုင်း၌ မူးယစ်ဆေးများအလွန်အကျွံသုံးစွဲထားသည့် လူ(၇)ဦးအား ရဲများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထို၇ ဦး တွင် ၃ဦးသေဆုံးပြီး ၄ ဦးကတော့ ဆေးရုံသို့ပို့ဆောင်ခဲ့ကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ဆေးကုသမှု ခံနေရတဲ့ (၄)ဦးအနက် (၁)ဦးမှာ အရေးပေါ်အဆင့်ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ရဲတပ်ဖွဲ့မှ ဒါရိုက်တာ Wendell Hissrich ၏ပြောပြချက်အရ ထို (၇)ဦးဟာ ပါတီပွဲတစ်ခု သို့မဟုတ် ပျော်ပွဲရွှင်ပွဲ တစ် ခုမှ ပြန်လာခဲ့ကြတာဖြစ်ပြီး ထူးဆန်းတဲ့ မူးယစ်ဆေးတစ်မျိုးကိုလည်း သုံးထားတယ်လို့သိရပါတယ်။ ထို့အပြင် သူတို့ရဲ့ လက်ထဲမှာလိမ္မော်ရောင်ဆင်တူလက်ပတ် တစ်ယောက်တစ်ခုကို ပတ်ထားတယ်လို့ လည်းသိရပါတယ်။ (၇)ဦးလုံးဟာ ယောကျာ်းလေးများဖြစ်ကြပြီး ၅ဦးကိုတိုက်ခန်းထဲမှာတွေ့ရှိခဲ့ပြီး တစ်ဦးကိုတိုက်ခန်းရဲ့ဓာတ်လှေကားဘေးမှာ တွေ့ရှိ ခဲ့ကာ ကျန်တစ်ဦးကိုတော့ တိုက်ခန်းအပြင်ဘက်လမ်းဘေးတွင် ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရှိရပါတယ်။ လက် ရှိမှာ သူတို့ဘယ်ပါတီပွဲကနေလာလဲဆိုတာကို ရဲများကဆက်လက်စုံစမ်းနေတယ်လို့ သိရှိရပါတယ်။

Source : NBC News

Leave a comment

Your email address will not be published. Required fields are marked *