အမေရိကန် San Diego ရှိ ဂျူးဘုရားရှိခိုးကျောင်းတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွား

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Diego မြောက်ဘက်ရှိ Poway တွင် ဧပြီလ ၂၇ရက်နေ့ စနေနေ့က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ၎င်းပစ်ခတ်မှုဟာ ဘုရားကျောင်းရှေ့မှာဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ၊ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘုရားကျောင်းရှိ ဂျူးဘုန်းတော်ကြီးတစ်ပါးကပြောခဲ့ပါတယ်။ ဂျူးဘုန်းတော်ကြီးရဲ့ ပြောပြချက် အရ ရိုင်ဖယ်သေနတ်ကို ကိုင်ဆောင်လာတဲ့ လူသတ်သမားဟာ ဘုရားကျောင်းရှေ့ကိုရောက်လာပြီး သူနှင့်မျက်နှာ ချင်းဆိုင်တွေ့ ပြီး အခင်းစတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားမှုကြောင့် ဘုရားကျောင်းရှိ ဘုန်းတော်ကြီး Rabbi Yisroel Goldstein ဟာ သူ့ရဲ့ညာဘက်လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဘုန်းတော်ကြီးက သူကျောင်းခန်းမထဲကို ဝင်သွားတဲ့အချိန်မှာ အပြင်ဘက်တွင် ကျယ် လောင်တဲ့အသံတစ်ခုကြားခဲ့ရတာဖြစ်ကြောင်း၊ သူက အဲဒီအသံကို အစည်းအဝေးခန်းထဲက ခုန်ပြုတ်ကျတဲ့ အသံလို့ထင်ပြီး နောက်ကိုလည့်လိုက်တဲ့အခါမှာ သေနတ်ကိုင်ထားတဲ့ လူတစ်ယောက်ကိုတွေ့ခဲ့ရတာဖြစ်ကြောင်း၊ သေနတ်သမားဟာ သူ့ကိုတွေ့တွေ့ချင်းမှာပဲ သေနတ်ဖြင့် ချိန်ပြီးပစ်လိုက်တဲ့အတွက် ချက်ချင်းသူ့ဦးခေါင်းကို လက်နဲ့ကာကွယ်လိုက်ရာမှ လက်ကိုထိခိုက်သွားတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။အဲဒီနောက် သူဟာ သွေးထွက်နေတဲ့ ဒဏ်ရာနဲ့ ကလေး တွေစာ သင်နေတဲ့ အခန်းထဲကိုပြေးသွားခဲ့ပြီး ကလေးတွေကို ဘေးကင်းရာသို့ ရှောင်ရန်သွားပြောခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် ဘုရားကျောင်းကို Rabbi Yisroel Goldstein နှင့်အတူ စတင်တည်ထောင်ခဲ့တဲ့ Lori Kaye သေ ဆုံးခဲ့ပြီး အသက်၃၄နှစ်အရွယ်အမျိုးသားနှင့် ကလေးမလေးတစ်ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ Goldstein က အဓိပ္ပာယ်မရှိပဲ သေဆုံးသွားခဲ့ရတဲ့အတွက် သူအပါအဝင် သူတို့၏အသင်းတော်တစ်ခုလုံး လွန်စွာ ဝမ်းနည်းရကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၁၉နှစ်အရွယ်ရှိ တရားခံ John Earnest ကို အခင်းဖြစ်ပွားပြီး မကြာ မီမှာပဲ ရဲများကဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရှိရပါတယ်။

Source: BBC News

Leave a comment

Your email address will not be published. Required fields are marked *