အမေရိကန်Texas ရှိ ဓာတ်ဆီဆိုင်တစ်ခုတွင် လူသတ်ပြီး ဓားပြတိုက်မှုဖြစ်ပွား

အောက်တိုဘာလ ၇ ရက် တနင်္လာနေ့နံနက်အစောပိုင်း 3 နာရီတွင် Texas ပြည်နယ် Highway 288 အနီး Reed လမ်းပေါ်ရှိ Valero ဓာတ်ဆီဆိုင်ကို မျက်နှာဖုံးတပ်ဆင်ထားသောသူ ၂ ယောက် ဝင်ရောက်ဓားပြတိုက်ခဲ့ပါတယ်။ ရဲများ၏ပြောပြချက်အရ ဓားပြတိုက်သူ ၂ ဦးတွင် တစ်ဦးက ဂြိုလ်သားပုံမျက်နှာဖုံးကိုဝတ်ထားပြီး နောက်တစ်ဦးက မျက်နှာဖုံးအနက်ကိုဝတ်ဆင်ထားကာ သေနတ်ကိုယ်စီ ကိုင်ဆောင်ထားတယ်လို့သိရပါတယ်။

ဓားပြများဟာ စတိုးဆိုင်တစ်ခုလုံးကိုဖွကာ ဆိုင်ရှိ စားရေးကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ လုံခြုံရေး ကင်မရာမှတ်တမ်းများအရ ဓားပြများဟာ Nissan ကထုတ်တဲ့ အနက်ရောင် 4-door sedan ကားနဲ့လာတာဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။ လက်ရှိအချိန်အထိတော့ ဓားပြများဟာ ဘယ်သူလဲဆိုတာ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Source : FOX News

Leave a comment

Your email address will not be published.