စိန်ပေါလ် ဘုရားကျောင်း၏ လသာဆောင်ပေါ်မှ အမျိုးသမီးတစ်ယောက် ပြုတ်ကျသေဆုံး

အမျိုးသမီးတစ်ယောက်ဟာ စိန်ပေါလ် ဘုရားကျောင်းရဲ့ ပေ ၁၀၀ (၃၀မီတာ) အမြင့်တဲ့ လသာဆောင်ကနေ ပြုတ်ကျခဲ့ပြီး ဘုရားရှိခိုးကျောင်းရဲ့ ကြမ်းပြင်မှာ ပြုတ်ကျသေဆုံးသွားခဲ့ပါတယ်။ ရှေးဦးသူနာ အတတ်တတ်ထားတဲ့ ၀န်ထမ်းက သူမကို အသက်ကယ်ဖို့ကြိုးစားခဲ့ပါသေးတယ်။ အဲ့အချိန်မှာဘဲ ဆေးဘက်ဆိုင်ရာအကူအညီတွေလည်း မိနစ်ပိုင်းအတွင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် လန်ဒန်မြို့တော်ရဲ့ရဲတွေက အဆိုပါ အမျိုးသမီးဟာ ၁၀ နာရီ ခွဲမှာ သေဆုံးသွားတယ်လို့ ကြေငြာခဲ့ပါတယ်။

အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့သေဆုံးမှုဟာ သံသယဖြစ်ဖွယ်မရှိဘူးလို့ ပြောပါတယ်။ ဘုရားကျောင်းမှာ ၀တ်ပြုနေတဲ့သူတွေကတော့ သူမရဲ့ သေဆုံးမှုအတွက် အရမ်းကို စိတ်မကောင်းဖြစ်ကြပါတယ်။ လူတွေပြောကြတာက “ဘယ်လောက်သန်မာတဲ့သူတွေပဲဖြစ်ဖြစ်၊ ဘယ်သူကပဲ ဒီအရေးပေါ်အခြေအနေအတွက် ကြိုးစားပမ်းစားလုပ်ဆောင်လုပ်ဆောင် အခုလိုမျက်ဝါးထင်ထင်ဒီအဖြစ်အပျက်ကို တွေ့ဆုံရတဲ့ ကျွန်တော်တို့တွေအတွက် အရမ်းကို မှ ထိတ်လန့်ရပါတယ်။”

အဲ့လိုပြုတ်ကျတဲ့အချိန်မှာ အခြားသူတွေလည်းထပ်မဖြစ်ပါစေနဲ့လို့ ကျွန်တော်တို့စိတ်ထဲမှာ တွေးနေပါတယ်။ “ကျွန်တော်တို့တစ်တွေဟာ သေသွားတဲ့အမျိုးသမီးအတွက် ဆုတောင်းခဲ့ကြပြီးတော့ သူ့ရဲ့မိတ်ဆွေတွေ၊သူ့အနီးအနားမှာ ရှိနေတဲ့သူတွေနဲ့ သူ့ကိုဂရုစိုက်တဲ့ သူတွေအတွက် အားပေးစကားတွေပြောကြားခဲ့ပါတယ်” ဘုရားကျောင်းဟာ ဒီလိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ဘုရားဖူးတွေအန္တရာယ်ကင်းအောင် ပိတ်လိုက်ပြီး လာမယ့်အပတ် ကြာသပတေးနေ့မှာ ဖွင့်နေကျပုံစံအတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာပါ။

လသာဆောင်ဟာ အောက်ခြေကနေ ၂၅၇အဆင့်အထိ တက်ရောက်ရပြီး အမိုးနားမှာ အတွင်းပိုင်း အလှဒီဇိုင်းတွေနဲ့ အလှဆင်ထားပါတယ်။ သူ့ရဲ့အမြင့်က လန်ဒန်က ဘပ်စ်ကား ၇ နှစ်စီးစာနဲ့ အမြင့်ချင်းညီမျှပါတယ်။

ဒီအဆောက်အအုံဟာ ပုံမှန်ဖြစ်နေကျမဟုတ်ဘဲ လူတစ်ယောက်သေဆုံးခဲ့တဲ့အတွက် လသာဆောင်တွေရဲ့ မျက်နှာချင်းဆိုင်တွေမှာ အသံတွေကြားလာရတော့မှာပါ။

Source: Sky News

Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *