အမြင်အာရုံကောင်းမွန်စေမယ့် နည်းလမ်းကောင်းများ

(၁) မျက်စိကို အလွန်အကျွံအားမစိုက်ပါနဲ့။ မျက်စိကို (၂) နာရီအလုပ်ပေးပြီးတိုင်းမှာ မိနစ်အနည်းငယ်လောက် အနားပေးပါ။ မျက်စိပိတ်ထားတာမျိုး၊ မျက်စိကို အနားပေးတာမျိုးများ ပြုလုပ်ပေးသင့်ပါတယ်။

(၂) မျက်စိအမြင်အားကောင်းစေဖို့အတွက် မျက်စိလေ့ကျင့်ခန်းများကို နေ့စဉ်လုပ်ဆောင်ပေးသင့်ပါတယ်။

(၃) အကယ်၍ သင်ကမျက်မှန်တပ်တယ်ဆိုရင်တော့ မျက်မှန်ကို တစ်ချိန်လုံးတပ်မထားပါနဲ့။ မကြာခဏချွတ်ပေးပါ။

(၄) မျက်စိတစ်ဝိုက်သွေးလည်ပတ်မှုကောင်းစေရန် မျက်စိတစ်ဝိုက်ကို အနည်းငယ်နှိပ်ပေးပါ။

(၅) မျက်စိညောင်းလာတဲ့အခါမှာ သင်ကြည့်နိုင်သလောက် အကွားအဝေးရဲ့အဝေးဆုံးကို ကြည့်ပေးပါ။

(၆) မုန်လာဥဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးပါ။

(၇) ညနေခင်းမှာ မျက်စိယားယံတတ်တယ်ဆိုရင်တော့ ပုံမှန်အသုံးပြုနေကျမျက်စဉ်းဆေးရည်ထက် ရှားစောင်းလပတ်ရည်ကို အသုံးပြုသင့်ပါတယ်။

(၈) မျက်စိအရမ်းညောင်းနေပြီဆိုရင်တော့ ကြက်သီးနွေးရေကိုအသုံးပြုပြီး မျက်စဉ်းခပ်ပေးပါ။

(၉) မအိပ်ခင် (၂) နာရီလောက်အလိုမှာ တီဗီ၊ ကွန်ပျူတာနဲ့ ဖုန်းတွေကို မကြည့်သင့်ပါဘူး။

(၁၀) အမြင်အာရုံကောင်းမွန်စေဖို့အတွက် အိန္ဒိယရိုးရာမျက်စိလေ့ကျင့်ခန်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ အရာဝတ္ထုတစ်ခုအပေါ်မှာ အမြင်အာရုံကိုစူးစိုက်ထားပြီး အကြည့်လွှဲလိုက်ပါ။ ပြီးရင် အဲ့ဒီပစ္စည်းရဲ့ပုံစံကို စိတ်ထဲမှာပြန်ပြီးပုံဖော်ပါ။ ဒီလေ့ကျင့်ခန်းက အမြင်အာရုံကို ကောင်းမွန်စေရုံသာမက စိတ်ပိုင်းဆိုင်ရာကိုလည်း တည်ငြိမ်စေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *