အရက်မူးသမားကားဖြင့် အတိုက်ခံရပြီး ရုပ်ပျက်သွားသောအမျိုးသမီးသေဆုံး

အသက် ၄၀နှစ်ရှိပြီဖြစ်တဲ့ Jacqui Saburido ဟာ ကင်ဆာရောဂါဖြင့် Guatemala မှာသေဆုံးသွားခဲ့ပါတယ်။ သူမဟာ အရက်မူးသမားတစ်ဦးမောင်းလာသောကားဖြင့် တိုက်ခံရပြီးနောက် မီးလောင်ဒဏ်ရာကြောင့် ရုပ်ပျက် သွားခဲ့ရ တာ ဖြစ်ပါတယ်။ သူမ အသက် ၂၀၊ ၁၉၉၉ ခုနှစ်တုန်းက မွေးနေ့ပါတီတစ်ခုမှ အပြန်လမ်းတွင် ယာဉ်တိုက်မှု တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူမ စီးလာတဲ့ကားမှာ သူမနဲ့အတူ သူငယ်ချင်း ၄ဦးပါဝင်ပြီး သူမကတော့ အရှေ့ခန်း ယာဉ်မောင်း သူရဲ့ ဘေးမှာထိုင်ခဲ့ပါတယ်။ Texas ပြည်နယ် Austin မြို့မှာ အရက်မူးပြီး မောင်းနှင်လာသော ကားတစ်စီးဟာ သူမ တို့ ကားလမ်းကြောထဲကို လမ်းချော်ပြီးတိုးဝင်လာတဲ့အတွက် ကား(၂)စီး ခေါင်းချင်းဆိုင် တိုက်မိကာ ကား(၂)စီးလုံး မီး လောင်သွားခဲ့တယ်လို့သိရပါတယ်။

သူမသူငယ်ချင်း(၂)ဦးဟာ အခင်းဖြစ်ပွားစဉ်မှာပဲ သေဆုံးခဲ့ရပြီး သူမကတော့ ပြင်းထန်တဲ့ တတိယအဆင့် မီးလောင်မှု ကို ခံစားခဲ့ရပါတယ်။ သူမ ခန္ဓာကိုယ်ရဲ့ ၆၀%ကို မီးလောင်ခဲ့ပြီး အထက်ပိုင်းကို များများ လောင်းကျွမ်းသွားခဲ့ပါတယ်။ ထိုမီးလောင်မှုအပြီးမှာ သူမရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ခွဲစိတ်မှု အကြိမ်ပေါင်း ၁၀၀တိတိ လုပ်ဆောင် ခဲ့ရ တယ်လို့ သိရပါတယ်။ သူမရဲ့ ဆေးစရိတ်ဟာလည်းဒေါ်လာ ၅သန်း ကုန်ကျသွားတယ်လို့သိရပါတယ်။

အဲဒီနောက်မှာတော့ သူမဟာ Texas ရှိ သယ်ယူပို့ဆောင်ရေး ဌာန အရက်မူးပြီး မောင်းနှင်သူများကို ပညာပေးတဲ့ နေရာမှာ ရှေ့နေအဖြစ် စိတ်အားထက်သန်စွာ လုပ်ကိုင်ခဲ့ပါတယ်။ စာသင်ကျောင်းများမှာလည်း သူမတွေ့ကြုံ ခံစား ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပြီး အရက်မူးပြီး ကားမမောင်းဖို့အတွက် ပညာပေးဟောပြောပွဲတွေပြုလုပ်ခဲ့ပါတယ်။ သူမ ဘဝမှာ ကျရှုံးမှုကြီးတစ်ခုကို ရင်ဆိုင်ခဲ့ရပေမယ့် ဘဝကိုအရှုံးမပေးပဲ တိုက်ပွဲဝင်နိုင်ခဲ့တဲ့ သူမရဲ့ စိတ်ဓာတ်ကတော့ လေးစားအတုယူဖွယ်ဖြစ်ပါတယ်။ သူမကို တိုက်သွားတဲ့ Reggie Stephey ဟာ အခင်းဖြစ်ပွားစဉ်က အသက် ၁၈နှစ် ရှိပြီး မူးယစ်ဆေးအသုံးပြုမှု၊လူသတ်မှုတို့နဲ့ ထောင်၇နှစ်ကျခဲ့ပြီး ၂၀၀၈ ခုနှစ်တုန်းက ထောင်မှလွှတ်မြော က်ခဲ့ တယ်လို့ သိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *