အရင်ထွက်ပြီးသား ဖုန်းအဟောင်းတွေရဲ့ စွမ်းဆောင်ရည်ကို နှေးကွေးအောင် လုပ်လိုက်တယ်လို့ Apple တရားစွဲဆိုခံနေရပါတယ်။

Apple ဟာ အရင်ထွက်ပြီးသား ဖုန်းအဟောင်းတွေရဲ့ စွမ်းဆောင်ရည်နှေးကွေးအောင်လုပ်ဆောင်လိုက်တဲ့အတွက် သုံးစွဲသူတွေကို လိမ်လည်လှည့်ဖြားမှုနဲ့အတူ တရားစွဲဆိုခံထားရပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ကုပ္ပဏီဟာ ခေတ်မမှီတော့တဲ့ ဖုန်းတွေရဲ့ အစိတ်အပိုင်းကို ကာကွယ်ဖို့အတွက် အရည်အသွေးနိမ့်တဲ့  ဘတ္ထရီကို အသုံးပြုခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ပထမအကြိမ်ကယ်လီဖိုးနီးယားမှာ တရားရင်ဆိုင်တုန်းက ရှုံးနိမ့်ခဲ့ပြီး စွမ်းဆောင်ရည်နိမ့်ကျသွားတဲ့ ဖုန်းတွေထပ်မရှိအောင် သူတို့ရဲ့ လုပ်ဆောင်ချက်ကို ရပ်တန့်ဖို့ နဲ့ နစ်နာသွားတဲ့ သုံးစွဲသူတွေကို လျော်ကြေးငွေပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ iPhone 5,6,7 သုံးစွဲသူတွေကိုယ်စား အိုဟိုင်းရိုး၊ အင်ဒီယားနား နဲ့ တောင်ကယ်ရိုလိုင်းနား ပြည်သူတွေက Apple ကို တရားစွဲဆိုကြပြီး ချီကာဂိုက ၎င်းကို အခြားဖြစ်ရပ်တွေအနေနဲ့ အစီရင်ခံခဲ့ပါတယ်။

“Apple ဟာ လှည့်ဖျားတယ်၊ အကျင်းမကောင်းဘူး၊ ကိုယ်ကျင့်သိက္ခာမစောင့်ထိန်းဘူး” စသည်ဖြင့် တရားလိုတွေက စွပ်စွဲကြပြီး အကြောင်းအရင်းကတော့ ၎င်းနည်းပညာဟာ အရင်ထွက်ပြီးသား iPhone တွေရဲ့ လုပ်ဆောင်ချက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ နှေးကွေးစေတာကြောင့်ဖြစ်ပါတယ်။

အခြားအမှုတွေကတော့ ရှုံးနိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Apple အသုံးပြုသူတွေက နှစ်ပေါင်းအတော်များများ ကုမ္ပဏီက သူတို့ရဲ့ဖုန်းအသစ်ကို သုံးဖို့အတွက် သူတို့ရဲ့ အရင်ဖုန်းစွမ်းဆောင်ရည်တွေ နိမ့်ကျစေခဲ့သလားဆိုတဲ့အချက်ကို တွက်ချက်ခဲ့ကြပါတယ်။

Apple ကတော့ CPU တွေအစားထိုးလဲလှယ်ခဲ့တဲ့အတွက်ကြောင့် ဖုန်းတွေနှေးကွေးစေတယ်လို့ ဝန်ခံခဲ့ပြီး အဲ့ဒီအတွက်ကြောင့် သုံးစွဲသူတွေရဲ့ဖုန်းကို စွမ်းဆောင်ရည်မြှင့်တင်ဖို့ တွန်းအားပေးခြင်းတော့မရှိခဲ့ပါဘူး။ လီသီယံ အိုင်းယွန်း ဘတ္ထရီတွေက ၎င်းရဲ့ အမြင့်ဆုံးစွမ်းဆောင်နိုင်ခြေရောက်ရှိဖို့ အားနည်းလာတယ်လို့ Apple က ပြောထားပါတယ်။ ပြဿနာကတော့ ဘတ္ထရီကအေးနေတဲ့အချိန်မှာတို့၊ အားနည်းနေတဲ့အချိန်တွေမှာ သူ့ရဲ့ အစိတ်အပိုင်းတွေကို ကာကွယ်ဖို့အတွက် မမျှော်လင့်ပဲ ဖုန်းပိတ်သွားတာတွေကြုံရနိုင်တယ်လို့ ပြောပါတယ်။

iPhone အသုံးပြုသူတွေက သူတို့ရဲ့ ဖုန်းအားနည်းတဲ့အချိန်မှာ ဖုန်းပိတ်သွားတာ သိသာနေတာတောင် သူတို့က အပြစ်ပြောနေကြတာဖြစ်ပါတယ်။ Apple က စက်ရုတ်တရက်ပိတ်သွားတဲ့အခြေအနေကို ကာကွယ်ဖို့နဲ့ ဘတ္ထရီရဲ့ စွမ်းဆောင်ရည်ပိုကောင်းလာဖို့အတွက် လွန်ခဲ့တဲ့နှစ်က iPhone 6,6s နဲ့ SE တို့ကို ထုတ်လုပ်ခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ မနှစ်က ထုတ်ခဲ့တဲ့ဖုန်းအရည်အသွေးကိုတိုးမြှင့်ဖို့အတွက် iPhone 7 ကို iOS ဗားရှင်း ၁၁.၂ နဲ့ ထုတ်ခဲ့ပြီး  အနာဂတ်မှာ အခြားသော လိုအပ်ချက်တွေကို ထပ်ပြင်နိုင်ဖို့ စီစဉ်ထားပါတယ်။

“ကျွန်တော်တိုရဲ့ ပန်းတိုင်ကတော့ သုံးစွဲသူတွေကို အကောင်းမွန်ဆုံးအတွေ့အကြုံတွေပေးဖို့ဖြစ်ပါတယ်။”  လီသီယံ ဘတ္ထရီတွေရဲ့စွမ်းဆောင်ရည်တွေ နိမ့်ကျရခြင်းကတော့ သံသတ္ထုတွေ ဒြပ်ကိုဖြတ်သန်းသွားရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ လီသီယံ ဘတ္ထရီနေရာမှာ ဘတ္ထရီအသစ်ကို အစားထိုးအသုံးပြုခြင်းဖြင့် ပုံမှန်သုံးနေကျမြန်နှုန်းအတိုင်း ပြန်လည်ရရှိလာနိုင်မှာဖြစ်ပြီး UK မှာ ၇၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *