အရိုးတွေကိုသန်မာစေမယ့် နည်းလမ်းကောင်းများ

အရိုးတွေဟာ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးတဲ့ အဓိကအရာတွေဖြစ်တာကြောင့် အရိုးတွေကျန်းမာသန်စွမ်းဖို့လိုပါတယ်။ အရိုးတွေကျန်းမာသန်စွမ်းဖို့ ဘာတွေလုပ်ဆောင်သင့်လဲဆိုတာကို လေ့လာကြည့်ကြရအောင်။

ကယ်လ်ဆီယမ်ဓာတ်က အရိုးနဲ့သွားတွေကို ကျန်းမာသန်စွမ်းစေတာကြောင့် ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများကို စားသုံးပေးသင့်ပါတယ်။

ဗီတာမင် D ဓာတ်က အရိုးတွေကိုသန်မာစေတဲ့ ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူနိုင်ဖို့ အထောက်အကူပေးတာကြောင့် ဗီတာမင် D ဓာတ်ပါဝင်တဲ့ ပုစွန်၊ လိမ္မော်သီး၊ တူနာငါးစတဲ့ အစားအစာများ စားသုံးပေးသင့်ပါတယ်။

ဗီတာမင် K ဓာတ်က သွေးခဲခြင်းကို ကာကွယ်ပေးတဲ့အပြင် အရိုးတွေကို သန်မာစေတဲ့အတွက် ဗီတာမင် K ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဟင်းနုနွယ်ရွက်၊ broccoli တို့လို အစားအစာတွေ စားသုံးသင့်ပါတယ်။

ပိုတက်ဆီယမ်ဓာတ်ကလည်း အရိုးတွေကို သန်မာစေတာကြောင့် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောသီး၊ ကန်စွန်းဥ၊ အာလူးတို့ကို စားသုံးသင့်ပါတယ်။

ကဖင်းဓာတ်က ကျန်းမာရေးကောင်းကျိုးတွေရှိပေမယ့် အရိုးကျန်းမာရေးအတွက်တော့ အထောက်အကူမပြုတာကြောင့် ကဖင်းဓာတ်ကို လျှော့စားသင့်ပါတယ်။

ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်ကနေ ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူရာမှာ နှေးကွေးစေတာကြောင့် အရိုးကျန်းမာရေးကို ထိခိုက်စေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *