အရောင်တွေရဲ့ လျှို့ဝှက်ချက်များ

ကာလာစုံအရောင်တွေမှာ မတူတဲ့ အဓိပ္ပါယ်အသီးသီး ရှိကြပါတယ်။ ဘယ်လိုအရောင်တွေမှာ ဘယ်လိုအဓိပ္ပါယ်တွေ ရှိနေလဲဆိုတာကိုတော့ လေ့လာကြည့်ကြရအောင်။

အနက်ရောင်

အနက်ရောင်ကတော့ စွမ်းအားကို ကိုယ်စားပြုပါတယ်။ လူတော်တော်များများက အနက်ရောင်ဝတ်လိုက်ရင် ပိန်သွားသလိုထင်ရတာကြောင့် ဖက်ရှင်အနေနဲ့ အနက်ရောင်ကို ရွေးချယ်တတ်ကြပါတယ်။ ဒါ့အပြင် အနက်ရောင်ကို ဝမ်းနည်းခြင်းအထိန်းအမှတ်အနေနဲ့ အသုံးပြုကြတဲ့အပြင် နတ်ဆိုးတွေကို ရည်ညွှန်းတဲ့အခါမှာလည်း အသုံးပြုကြပါတယ်။

အဖြူရောင်

အဖြူရောင်ကတော့ သန့်ရှင်းစင်ကြယ်ခြင်းကို ရည်ညွှန်းပါတယ်။ အဖြူရောင်က အလင်းပြန်နိုင်တာကြောင့် နွေရာသီမှာ အသုံးများကြပါတယ်။ ဖက်ရှင်ပစ္စည်းတော်တော်များများကိုလည်း အဖြူရောင်နဲ့အလှဆင်ကြတာ များပါတယ်။

အနီရောင်

အနီရောင်ကို နှလုံးခုန်နှုန်းကို မြန်စေတဲ့ အရောင်ပါ။ အချစ်ရဲ့သင်္ကေတလို့လည်း ခေါ်ကြပါတယ်။ အနီရောင်က စွဲဆောင်မှုအရှိဆုံးအရောင်တွေထဲမှာ ပါဝင်ပါတယ်။ အနီရောင်ပစ္စည်းတွေက စွဲဆောင်မှုအရှိဆုံး ဖြစ်ပါတယ်။

အပြာရောင်

အပြာရောင်ကတော့ ကောင်းကင်နဲ့ ပင်လယ်ကို ကိုယ်စားပြုပါတယ်။ အပြာရောင်ကလည်း လူကြိုက်အများဆုံးအရောင်တစ်ခုပါ။ အပြာရောင်က အမြင်အေးစေတာကြောင့် အလုပ်အင်တာဗျူးဖြေတဲ့အခါမှာ ဝတ်ကြဖို့ကိုလည်း အကြံပြုထားပါတယ်။

အစိမ်းရောင်

အစိမ်းရောင်ကတော့ သဘာဝတရားကို ဖေါ်ညွှန်းပါတယ်။ အစိမ်းရောင်က အမြင်အာရုံကိုလည်း ကောင်းမွန်စေပါတယ်။ အစိမ်းရင့်ရောင်ကတော့ ရှေးရိုးစွဲဆန်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် အဝတ်အစားချုပ်သူတွေက အစိမ်းရောင်အပ်ချည်က ကံဆိုးခြင်းကို ယူဆောင်လာနိုင်လို့ ယုံကြည်ကြတာကြောင့် အသုံးမပြုကြပါဘူး။

အဝါရောင်

အဝါရောင်ကတော့ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုပါတယ်။ အဝါရောင်က ဒေါသတွေကို ပြေလျော့စေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း ကောင်းမွန်စေပါတယ်။

ခရမ်းရောင်

ခရမ်းရောင်ကတော့ သစ္စာရှိခြင်း၊ ကြွယ်ဝချမ်းသာခြင်းနဲ့ ခေတ်ဆန်ခြင်း အသွင်ကို ဆောင်ပါတယ်။ ပြီးတော့ မိန်းမဆန်ပြီး စိတ်ကူးယဉ်ဆန်တဲ့ အရောင်ဖြစ်ပါတယ်။

အညိုရောင်

အညိုရောင်ကတော့ ကမ္ဘာမြေကြီးကို ကိုယ်စားပြုတဲ့ အရောင်ပါ။ အညိုဖျော့ရောင်က ဉာဏ်ပညာကို ဖေါ်ညွှန်းပါတယ်။ အညိုရောင်ကို အမျိုးသားတွေ ကြိုက်နှစ်သက်ကြပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *