အလှပြင်ပစ္စည်းတွေပေါ်မှာ ငွေကုန်မကျစေရန် နည်းလမ်းအသွယ်သွယ်

မိန်းကလေးတိုင်း အလှပြင်ရတာကို ကြိုက်ပါတယ်။ အလှမပြင်ဘူးဆိုရင်တောင်မှ နှုတ်ခမ်းနီမဆိုးဘဲ နေနိုင်ကျမှာမဟုတ်ပါ။ လေ့လာတွေ့ရှိချက်များအရ အမျိုးသမီး (၇၀)ရာခိုင်နှုန်းလောက်ဟာ အလှပြင်ပစ္စည်းမပါဘဲ အပြင်မထွက်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် အလှပြင်ပစ္စည်းတွေဟာ ဈေးကြီးလှပါတယ်။ ပုံမှန် အမျိုးသမီးတစ်ယောက်ဟာ ဘဝသက်တမ်းတစ်လျောက် ဒေါ်လာ (၁၅၀၀၀) ဖိုးအထိ အလှပြင်ပစ္စည်းများကို ဝယ်သုံးတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒီလိုငွေကုန်ကျေးကျမများဘဲလည်း အလှပြင်ပစ္စည်းတွေကို သုံးလို့ရတယ်ဆိုတဲ့ နည်းလမ်းတွေလည်းရှိပါတယ်။

၁။ Sample အထုတ်လေးတွေ သုံးကြည့်ကြမယ်။ အသစ်အဆန်းပစ္စည်းတွေကို အစမ်းသုံးမယ်ဆိုရင် ဒီလိုမျိုးကို ရှာသုံးသင့်ပါတယ်။ အပိုမကုန်ဘဲ မိမိနှစ်သက်မှသာ ပစ္စည်းများကို ဝယ်သုံးနိုင်မှာပဲဖြစ်ပါတယ်။

၂။ Gift Card စုဆောင်းမယ်။ ဒီလိုဆိုင်တွေမှာ ဝယ်ယူခြင်းဖြင့် နောင်ဝယ်ယူမှုများမှလည်း ဈေးကို လျော့ချပြီး သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။

၃။ နာမည်ကြီး Brand နဲ့ ဆင်တူ Drugstore ပစ္စည်းများကိုသုံးမယ်။ ဒါဟာအတုမဟုတ်ပါဘူး။ သူ့ Brand နဲ့သူ ဈေးနှုန်းချိုသာနေတာမို့ နာမည်ကြီး Brand ကိုသုံးမယ့်အစား ဝယ်သုံးသင့်ပါတယ်။

၄။ ဈေးလျော့ထားတဲ့ဆိုင်တွေမှာဝယ်မယ်။ ဒါကတော့ ဆိုင်တွေ ဈေးချထားတဲ့အချိန်တွေမှာ လိုက်လံဝယ်ယူစုဆောင်းရမှာပဲဖြစ်ပါတယ်။

၅။ ဘူးခွံတွေပြန်သုံးမယ်။ တချို့ပစ္စည်းတွေကို Refill အနေနဲ့ ပြန်လည် ထည့်သုံးလို့ရပါတယ်။

၆။ DIY လုပ်မယ်။ Google မှ ဒီလိုအလှပြင်ပစ္စည်းတွေကို အသစ် DIY ပစ္စည်းတွေ ပြန်လုပ်လို့ရတဲ့နည်းတွေရှိပါတယ်။ Lip Balm ကို Activated Charcoal နဲ့ရောပြီး Eyeliner လုပ်လို့ရတာမျိုးတွေပါ။ Johnson’s Baby Shampoo ကို make up remover အဖြစ်သုံးတာမျိုး၊ Powder ကို Dry Shampoo အဖြစ်အသုံးပြုတာမျိုးတွေ လုပ်လို့ရပါတယ်။

၇။ အချို့ဆိုင်မှာ ဆိုင်ဝန်ထမ်းတွေအဖြစ် လျော့ဈေးတွေပေးတာကြောင့် Part Time အနေဖြင့်လည်း သွားရောက်လုပ်ကိုင်နိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *