အသက်ကြီးမှ လိင်ဆက်ဆံသူများ အရွယ်တင်နုပျို

ဗြိတိန်စိတ်ပညာရှင် ဒေါက်တာဒေးဗစ်ဝီးခ်စ်(Dr. David Weeks)က သူ့ရဲ့လေ့လာတွေ့ရှိချက်အရ အသက်ကြီးပြီးမှ လိင်ပိုင်းဆိုင်ရာကိုတက်ကြွစွာ ဆက်ဆံနိုင်သူတွေဟာ အရွယ်တင်နုပျိုမှု ရဲ့ အဓိကသော့ချက်တစ်ခုဖြစ်တယ်ဆိုတာကို ဗြိတိန်စိတ်ပညာဆိုင်ရာအဖွဲ့မှာ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကာလကစပြီး အသက် ၇၀ ကျော်အရွယ်ရှိမှ လိင်ပိုင်းဆိုင်ရာတက်ကြွစွာ ဆက်ဆံကြ သူတွေ တိုးတက်များပြားလာနေတယ်လို့ ဆိုပါတယ်။ ဒေါက်တာ ဝီးခ်စ်ရဲ့ အသက်ကြီးပိုင်းမှာ လိင်ပုံမှန်ဆက်ဆံကြသူ တွေကို လေ့လာတွေ့ရှိချက်အရ ဒါဟာ အသက်ကြီးပိုင်းတွေ အရွယ်တင်နုပျိုလာဖို့အတွက်လို့ ဆိုပါတယ်။
လိင်ဆက်ဆံခြင်းဟာ လူတွေရဲ့ ကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ ပုံမှန်လိင်ဆက်ဆံသူတွေဟာ ပျော်ရွှင်မှုရှိပြီး စိတ်ခံစားမှုဆိုင်ရာကို တိုးတက်ကောင်းမွန်စေပါတယ်။ စိတ်သောကတွေနဲ့ စိတ်ကျ ရောဂါ ဖြစ်တာကို လျော့နည်းစေ တယ်လို့ ဆိုပါတယ်။အိုင်ရာလန် မြောက်ပိုင်း၊ Belfast ရှိ Queen University ရဲ့ လေ့လာမှု တစ်ခုအရ ပုံမှန် လိင်ဆက်ဆံသူတွေဟာမဆက်ဆံသူတွေထက်အသက်ပိုရှည်တယ်လို့ဆိုပါတယ်။  
လိင်ဆက်ဆံခြင်းဟာ နာကျင်ကိုက်ခဲတာကို အလိုအလျောက်သက်သာစေနိုင်တဲ့ Endorphins ကို ထွက်စေတယ်။ ကိုလက်စထရောကို လျော့နည်းစေပြီး အရေပြားကို လျော့မွေ့လှပစေတယ်။ ဒေါက်တာ ဝီးခ်စ်က အသက်ကြီးပိုင်း လိင်ဆက်ဆံမှုနဲ့ ပတ်သက်ပြီး လူအများ မကောင်းမြင်တာ တွေဟာ မှားယွင်းတဲ့ အယူအဆလို့ ဆိုပါတယ်။ လိင်ပိုင် ဆိုင်ရာ အရည်အသွေးဟာ လူတွေရဲ့ သက်ရှည်ကျန်းမာမှုကို ကြိုတင်ဖေါ်ပြတယ်ဆိုတာ လူတွေနားလည် သင့်တယ်လို့ သူက ဆိုပါတယ်။ ၁၉၉၇ ခုနှစ် Wales မှာလုပ်ခဲ့တဲ့ နှလုံးရောဂါ ဆိုင်ရာလေ့လာမှု တစ်ခုမှာ တစ်ပတ်ကို ၂ ကြိမ်နဲ့အထက် လိင်ဆက်ဆံသူတွေဟာ မဆက်ဆံသူတွေထက် အသက်သေဆုံးမှု ၅၀% လျော့နည်း စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်၂၀၁၁ ခုနှစ် Boston မှာကျင်းပခဲ့တဲ့ နှစ်ပတ်လည် သိပ္ပံညီလာခံမှာလည်း အသက်ကြီးပြီး လိင်ပိုင်းဆိုင်ရာတက်ကြွစွာဆက်ဆံတဲ့ စုံတွဲတွေဟာ ပျော်ရွှင်မှုကို ပိုမိုခံစား ကြရတယ်လို့ ဆိုပါတယ်။

Ref: Medical News Today

Leave a comment

Your email address will not be published. Required fields are marked *