အသက်ရှည်ရှည်နေရဖို့ Coffee များများသောက်ကြစို့

ကျွန်တော်တို့ အပါအဝင် ဒီကမ္ဘာမြေကြီးပေါ်မှာနေထိုင်ကြတဲ့ လူအများစုဟာ coffee သောက်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နေ့စဉ် coffee သောက်သုံးနေတဲ့ ခွက်ရေဟာ ၂.၂၅ဘီလျံ လောက်ရှိနေတယ်လို့သိရပါတယ်။ အဆိုတော်ချစ်ကောင်းရဲ့ သီချင်းထဲကလို coffee ဆိုရင် ခါးခါးသောက်မိတယ် ဆိုတဲ့အတိုင်း ခါးခါးလေးနဲ့ ဆိပ်နေတဲ့ အရသာလေးရယ် coffee ရဲ့ စွဲဆောင်မှုရှိတဲ့ အနံ့လေးရယ်ကြောင့် လူကြိုက်များကြပါတယ်။

coffee ချစ်သူတွေအတွက် သတင်းကောင်းတစ်ခုကို ဇူလိုင်လ ၄ ရက်နေ့ ၂၀၁၇ မှာ အဓိကကျတဲ့ နိုင်ငံတကာ လေ့လာမှုကြီးဖြစ်တဲ့ Annals of Internal Medicine တွင် ပါဝင်သော အမေရိကန်နှင့် ဥရောပ လေ့လာမှု အစီရင်ခံစာ နှစ်ခုထဲမှာ ဖော်ပြထားပါတယ်။ အဲဒါကတော့ coffee သောက်သုံးမှု အလေ့အထဟာ ဘဝအတွက် နေပျော်ရုံသက်သက်သာမဟုတ်ပဲ အသက်ပိုရှည်စေရန်အတွက်ပါ အထောက်အကူပြုနေတယ်လို့ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ သို့သော် လေ့လာမှုမှာမပါတဲ့ အခြားကျွမ်းကျင်သူများက ၎င်းတို့ ဖော်ပြချက်ဟာ coffee သောက်မှုနဲ့ အသက်ရှည်မှုတို့ ဆက်ဆက်နေသည်ကိုပဲ ဖော်ပြထားပြီး အဘယ်ကြောင့်အသက်ရှည် ရသည်ဟူသော အကြောင်းပြချက် မပါဝင်သေးပါဘူးလို့ ထောက်ပြကြပါတယ်။ တစ်နေ့လျှင် coffee တစ်ခွက် ပုံမှန်သောက်သုံးသူဟာ လုံးဝမသောက်သောသူထပ် သေဆုံးနိုင်ချေ ၁၂% ပိုမိုနည်းပါးပြီး နှစ်ခွက်မှ သုံးခွက် အထိသောက်သုံးသူကတော့ ၁၈%ထိ နည်းပါးဒါကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

coffee သောက်သုံးမှုနှင့်ပက်သတ်ပြီး ပထမဦးဆုံး ကင်ဆာသူတေသနဆိုင်ရာ နိုင်ငံတကာဌာန (IARC) ၏ ဥရောပရှိ နိုင်ငံ ၁၀နိုင်ငံမှ လူပေါင်း သန်းဝက်ကျော်ကို လေ့လာခဲ့မှုအရ နေ့စဉ် coffee ၃ခွက်ခန့် သောက်သုံးသူများသည် coffee မသောက်သူများထက် အသက်ပိုရှည်လေ့ရှိသည်ကို တွေ့ရှိခဲ့ရပါတယ်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုရှိ လူမျိုးနွယ်စုများထဲမှ လူပေါင်း တစ်သိန်းရှစ်သောင်းကျော်ကို လေ့လာခဲ့သော ဒုတိယ လေ့လာမှုအရ coffee သောက်သုံးသူများဟာ နှလုံးရောဂါ၊ ကင်ဆာ၊ လေဖြတ်ခြင်း၊ ဆီချို၊ အသက်ရှူလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါ တို့ကြောင့် သေဆုံးနိုင်ချေ ပိုမိုနည်းပါးသည်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *