အသက်အငယ်ဆုံးနှင့် ကမ္ဘာ့နိုင်ငံအားလုံးကို ခရီးသွားနိုင်သူအဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားတဲ့ အမေရိကန်သူလေး

အသက် ၂၁နှစ်အရွယ်ရှိ အမေရိကန်သူ Lexie Alford ဟာ ကမ္ဘာ့အသက်အငယ်ဆုံးနှင့် ကမ္ဘာ ပေါ်ရှိ နိုင်ငံ အားလုံးကို ခရီးသွားနိုင်သူအဖြစ် ကမ္ဘာ့ဂင်းနစ်မှတ်တမ်း Guinness World Record မှာ မှတ်တမ်း တင်ခြင်း ခံခဲ့ ရတာဖြစ်ပါတယ်။ သူမဟာ ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ မိသားစုမှာမွေးဖွားခဲ့တာဖြစ်တဲ့အတွက် မွေးကတည်းက ခရီး သွားခြင်းကိုကြိုက်နှစ်သက်တဲ့ မိန်ကလေးတစ်ဦးဖြစ်ပါတယ်။ သူမ အသက်၁၂အရွယ်ကစပြီး တစ်နေ့မှာ ကမ္ဘာပေါ် ရှိ အချုပ်အခြာအာဏာရှိတဲ့ နိုင်ငံပေါင်း ၁၉၆နိုင်ငံကို သွားနိုင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုချကာ ခရီးစတင်ထွက်ခဲ့တာ ဖြစ်ပါတယ်။

Lexie Alford ဟာ အသက်၁၈အရွယ်ရောက်တဲ့အခါမှာ နိုင်ငံပေါင်း ၇၂ နိုင်ငံကို သွားခဲ့ပြီးပြီဖြစ်ပါတယ်။ အဲလိုနဲ့ သူမရဲ့ Instagramအကောင့်မှာFollower ၄၄,၀၀၀ ကျော်ရရှိခဲ့ကာ Lexie Alford အဖြစ်လူသိများလာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အထက်တန်းကျောင်းကို ၂နှစ်စောပြီး ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ၂ နှစ်ထဲမှာ ဥရောပ၊အာရှ၊အာဖရိကအမေရိကအလယ်ပိုင်း နဲ့တောင်ပိုင်း၊ ကာရေဘီယံနဲ့တောင်ပစိဖိတ်ကျွန်းတို့ရှိ နိုင်ငံပေါင်း (၅၀)ကို ၇လကြာအောင် တစ်ဦးတည်းခရီးထွက်ခဲ့ပါတယ်။

သူမဟာ ခရီးစဉ်တစ်လျှောက် သူမရောက်ခဲ့တဲ့နေရာတိုင်းကို ဓာတ်ပုံမှတ်တမ်းများတင်ခြင်း၊LiveVideoများလွှင့် ခြင်း ဖြင့်Blogging အလုပ်ကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။သူမသွားခဲ့တဲ့နိုင်ငံတွေအားလုံးထဲမှာဗင်နီဇွဲလားနဲ့ပါကစ္စတန် တိုလို့ နိုင်ငံတွေကို ပိုပြီးကြိုက်နှစ်သက်တယ်လို့ သိရပါတယ်။သူမရဲ့နောက်ဆုံးခရီးစဉ်ကတော့မေလ၃၁ ရက်နေ့တွင် ခြေချခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်။

အသက်၂၁နှစ်နဲ့ကမ္ဘာ့နိုင်ငံအားလုံးကို သွားဖို့ဆိုတာမဖြစ်နိုင်တဲ့အပြင်၂နှစ်လုံးလုံး တစ်ဦးတည်း ခရီးသွားဖို့ဆိုတာ ကလည်း မလွယ်တဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့ကိစ္စကို အသက်၂၁ နှစ်အရွယ်သာရှိသေးတဲ့ အမျိုး သမီး Lexie Alford ကလုပ်နိုင်ခဲ့တယ်ဆိုတာ သူမရဲ့ဘဝအတွက် ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်ရစရာ ကိစ္စတစ်ခုပဲ ဖြစ် ပါတယ်။ စိတ်ထဲမှာဖြစ်လာတဲ့ အရာတွေအားလုံးကို လုပ်နိုင်တယ်ဆိုတာ ယုံကြည်ကြဖို့ လူငယ်တွေကို သူမရဲ့ အတွေ့ အကြုံနဲ့ အကြံပေးသွားခဲ့ပါတယ်။သူမရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ဇွဲမလျော့ပဲရဲရင့်စွာလုပ်ဆောင်နိုင်တဲ့စိတ်ဓာတ်ဟာ ယနေ့ ခေတ်လူငယ်တွေအတွက် အတုယူစရာတစ်ခုပဲဖြစ်ပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *