အသက် ၁၁၂ နှစ်ရှိ အချိုကြိုက်တဲ့ ဂျပန်အဖိုးအို ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသားဖြစ်လာ

ဂျပန်နိုင်ငံ Ashoro မှာရှိတဲ့ မဆာဇို နိုနာကာ Masazo Nonaka အမည်ရှိ အမျိုးသားအဖိုးအိုကို အသက် ရှင်လျက်ရှိတဲ့ ကမ္ဘာ့ဖိုးသက်ရှည်အဖြစ် အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ အဖိုးအိုဟာ မနေ့က ဧပြီ ၁၀ ရက်မှာ အသက် ၁၁၂ နှစ်နဲ့ ၂၅၉ ရက် ပြည့်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဂင်းနစ်မှတ်တမ်းအရ ကမ္ဘာ့ပေါ်မှာ အသက် ရှင်နေတဲ့ အသက်အကြီးဆုံးအမျိုးသားအဖြစ် တရားဝင်မှတ်တမ်းတင်ခံခဲ့ရတာဖြစ်ပါတယ်။အဖိုးကို ၁၉၀၅ ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ အိုင်စတိုင်းရဲ့ နှိုင်းရသီအိုရီကို မကြေငြာခင်လပိုင်းမှာ မွေးဖွားခဲ့သူ ဖြစ်ပါ တယ်။
နိုနာကာဟာ လွန်ခဲ့တဲ့ ဇန္နဝါရီလက ကွယ်လွန်သွားခဲ့တဲ့ စပိန်နိုင်ငံက အသက် ၁၁၃ နှစ်ရှိသူ Francisco Nunez Olivera နေရာကို အစားထိုးဝင်ရောက်လာသူဖြစ်ပါတယ်။ အဖိုးအိုဟာ ငယ်စဉ်က လယ်ယာလုပ်ငန်းနဲ့ သစ်ခုတ် သမားတစ်ဦးအဖြစ်အသက်မွေးခဲ့ပါတယ်။ သား ၂ ယောက်နဲ့သမီး ၃ ယောက်ရှိပြီး ဇနီးက ဟက်ဆူနို (Hatsuno) ဖြစ်ပါတယ်။
နိုနာကာရဲ့ မြေးမလေး ယူကို နိုနာကာကတော့ သူ့အဖိုးရဲ့ ဘဝတစ်လျှောက်လုံးမှာ အကောင်းဆုံးလို့ မှတ်ချက်ပြု တာက သကြားပဲလို့ဆိုပါတယ်။ အဖိုးက ကျန်းမာရေး ကောင်းပါတယ်။ဒါပေမဲ့ သွားတာလာတာကတော့ ဝှီးရှဲလ်နဲ့ပေါ့။ စားတာကတော့ ဂျပန်စတိုင်ရော အနောက်တိုင်းစတိုင်ရော အချိုဆိုရင် အကုန်စားတာပဲ။ သတင်းစာနေ့စဉ်ဖတ်ပြီး မကြာခဏ ရေပူစမ်းမှာ စိမ်တတ်တယ်လို့ Telegraph ကို ပြောပါတယ်။
ဂင်းနစ် ကမ္ဘာ့မှတ်တမ်းအရ အဖိုးနာနိုကာဟာ ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသားဖြစ်ပေမယ့် လွန်ခဲ့တဲ့ စက် တင်ဘာလက အသက် ၁၁၇ နှစ်နဲ့ကွယ်လွန်သွားခဲ့တဲ့ ဂျမေကာနိုင်ငံက Violet Brown ရဲ့နေရာကို အစားထိုးမယ့် အမျိုးသမီးဖွားသက်ရှည်တော့ မရှိသေးဘူးလို့ဆိုပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *