အသက် (၁၄)နှစ်အရွယ်ကလေးက သူ့မိသားစု (၅)ဦးကို သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား

အမေရိကန်ပြည်ထောင်စု Alabama ပြည်နယ်၊ Elkmont မြို့တွင် အသက် (၁၄)အရွယ်ရှိ ကလေးတစ်ဦးဟာ စက်တင် ဘာလ (၂)ရက် တနင်္လာနေ့ ညဒေသစံတော်ချိန် ညနေ11:30 လောက်တွင် သူ၏ မိသားစုဝင် (၅)ဦးလုံးကို သတ်ပြီး နောက် အိမ်အောက်ထပ်သို့ဆင်းကာ သေနတ်သံကြားကြောင်း 911 သို့ ဖုန်းဆက် အကူညီတောင်းခဲ့တယ်လို့ သိရပါ တယ်။

ညနေ 11 နာရီ လောက်ကတည်းက ထိုနေရာတွင်ကင်းလှည့်နေသော ရဲတစ်ဦးက ထိုကလေးဖုန်းဆက်ချိန်တွင် အိမ် ပေါ်ကပြေးဆင်းလာတာကို တွေ့ခဲ့ပြီး သေနတ်ပစ်သံကိုလည်း ကြားရသဖြစ် သွားရောက်မေးမြန်ရာ ပြန်ဖြေတဲ့စကားဟာ ရှေ့နောက်မညီသဖြင့် သံသယရှိသူအဖြစ်သတ်မှတ်ကာ ဖမ်းဆီးခဲ့ပါတယ်။

အိမ်ကိုစစ်ဆေးတဲ့အခါ အသက် ၃၈ နှစ်အရွယ်ရှိ ကလေးရဲ့ ဖခင်ဖြစ်သူ John Sisk၊ အသက် ၃၅ နှစ်အရွယ်ရှိ သူ၏မိထွေးဖြစ်သူ Mary Sisk ၊ မိထွေးမွေးထားသော အသက် ၆ နှစ်အရွယ် ဝမ်းကွဲညီ၊ အသက် ၅ နှစ်အရွယ် ဝမ်း ကွဲညီမနှင့် အသက် ၆ လအရွယ် ဝမ်းကွဲညီတို့ဟာ သေနတ်ဒဏ်ရာဖြင့်သေဆုံးနေတာကို တွေ့ရှိခဲ့ပြီး အိမ်အပြင်ဘက် မှာလည်း 9mm ကျည်ကိုအသုံးပြုရတဲ့ သေနတ်အားလွှင့်ပစ်ထားတာ တွေ့ရှိခဲ့ရပါတယ်။ လက်ရှိမှာတော့ တရား ခံကို ကလေးသူငယ်ဥပဒေအရ လူသတ်မှု (၅)ခုဖြင့် တရားစွဲထားတာဖြစ်ကြောင်း သိရှိရပါတယ်။ ရဲဌာနကလည်း ယခု လို အရွယ်မရောက်သေးတဲ့ ကလေးငယ်တစ်ဦးက မိသားစုဝင် (၅)ဦးကို ပစ်သတ်ခဲ့ခြင်းဟာ အလွန်ပင် ဝမ်းနည်းစရာ ကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published.