အသက် ၆၅ နှစ်အရွယ် စိန်ကုန်သည် ဘီလီယံနာ သူဌေးကြီးတစ်ဦး လိင်အင်္ဂါခွဲစိတ်ရင်း သေဆုံး

အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ Ehud Arye Laniado ဟာ ဘီလီယံနဲ့ချီပြီး ချမ်းသာတဲ့ စိန်ကုန်သည်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့မှာ လိင်အင်္ဂါခွဲစိတ်ပြုပြင်မှုလုပ်နေရင်း နှလုံးရုတ်တရက်ရပ်တန့်ကာ သေဆုံးခဲ့ရပါတယ်။ Ehud Arye Laniado ဟာ ပြင်သစ်နိုင်ငံက မြို့တစ်မြို့ရဲ့ အမည်မဖော်ပြထားတဲ့ Private ဆေးခန်းတစ်ခုမှာ ခွဲစိတ်မှု ပြုလုပ်ခဲ့တာ ဖြစ် ပါတယ်။

ဝန်ထမ်းများရဲ့ အဆိုရ Enhud Arye Laniado ဟာ စိန်ပါရဂူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဘီလီယံနဲ့ရှိတယ်လို့ ဆိုပါတယ်။ Laniado ဟာ သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကို အထူးဂရုစိုက်သူတစ်ဦးဖြစ်ပြီး တစ်ခါတစ်လေကျရင် သူ့ရဲ့ ဘဏ် အ ကောင့်ကို တစ်နေ့ကို အကြိမ်ပေါင်းများစွာ ပြန်စစ်တဲ့ အကျင့်လည်း ရှိတယ်လို့ သိရပါတယ်။ ယူရို သန်း ၃၀ ကျော်တန် တဲ့ အိမ်တွေကိုလည်း ပိုင်ဆိုင်ထားပြီး အဆိုပါအိမ်တွေမှာ နာမည်ကြီး မော်ဒယ်တွေနဲ့ ယမကာ သောက်ရတာကို လည်း နှစ်ခြိုက်သူတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် Laniado ဟာ သူ့ရဲ့ နောက်ဆုံး နားခိုရာ နေရာအဖြစ် အစ္စရေးမှာ အိမ်တစ်လုံးဝယ်ပြီး အေးဆေး အနားယူဖို့ လည်း စီစဉ်ထားပါသေးတယ်။ ဒါပေမယ့် အစ္စရေးမှာ အနားမယူခင် လိင်အင်္ဂါခွဲစိတ်ပြုပြင်နေရင်း ရုတ်တရက် နှလုံး ရပ်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *