အသက် ၆၆နှစ်အရွယ် အမျိုးသားတစ်ဦး ဖိနပ်ထိပ်မှာ ကင်မရာတပ်ပြီး ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အတွင်းခံကို ခိုးရိုက်

ဧပြီလ ၂၁ရက် တနင်္ဂနွေနေ့တွင် California နိုင်ငံ Walnut Creek မြို့ရှိ Apple Store ၌ အသက် ၆၆နှစ် အရွယ် ရှိ အမျိုးသားတစ်ဦးဟာ သူ၏ဖိနပ်ထိပ်တွင် လျှို့ဝှက်ကင်မရာကို တပ်ဆင်ပြီး ဆယ်ကျော်အသက် မိန်းကလေး တွေရဲ့ စကပ်အောက်ကို ခိုးရိုက်ခဲ့တာဖြစ်ပါတယ်။ ထိုသို့ ခိုးရိုက်နေခြင်းကို ခိုးရိုက်ခံရတဲ့ မိန်းကလေးတစ်ဦး၏ ဖခင်ဖြစ်သူ မှတွေ့သွားပြီး ရဲလက်ထဲအပ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

Walnut Creek ရဲဌာနရဲ့ ပြောပြမှုအရ တရားခံ Jacques Bloxham ဟာ ရှေ့နေတစ်ဦးဖြစ်ပြီး ၎င်းကို တနင်္ဂနွေ နေ့ ဒေသစံတော်ချိန် 3:00 PM မှာ ဖမ်းမိတာဖြစ်တယ်လို့ သိရပါတယ်။ တရားခံ၏ကားထဲမှာ လျှို့ဝှက် ကင်မရာ တွေကို ထပ်မံတွေ့ရှိထားပြီး သူ့ရဲ့ ကင်မရာထဲမှာ အမျိုးသမီးတွေရဲ့ အတွင်းခံကို ခိုးရိုက်ထားတဲ့ပုံတွေကို တွေ့ရှိခဲ့ ပါတယ်။ တရားခံကိုယ်တိုင်ကလည်း ဝန်ခံခဲ့သဖြင့် Contra Costa County ရှိ ထောင်ထဲမှာ ထိန်းသိမ်းဖို့အတွက် စီရင်ထားကြောင်း သိရပါတယ်။

Source : FOX News

Leave a comment

Your email address will not be published.