အသင့်ပြုလုပ်ထားတဲ့ ဝက်သားချောင်းများနှင့် အနီရောင်အသားများဟာ အူမကြီးကင်ဆာရောဂါဖြစ်ပွားမှုကို တိုးပွားစေကြောင်းတွေ့ရှိ

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ စီးပွားရေးသမားများဟာ အစားအသောက်ပိုင်းမှာ လူတွေကြိုက်နှစ်သက်တဲ့ အသားချောင်းတွေကို ထုတ်လုပ်လာကြပါတယ်။ လူတိုင်းဟာ အလှတရားကိုကြိုက်နှစ်သက်ကြတာကြောင့် အစား အ သောက်မှာလည်း လှတာလေးမှစားချင်ကြပါတယ်။ဒါ့ကြောင့် စီးပွားရေးသမားများကလည်း အသားပြားတွေကို ဆွဲ ဆောင်မှုရှိအောင် ဆိုးဆေးတွေအသုံးပြုပြီး အနီရောင်ဖြစ်အောင်ပြုလုပ်ဖန်တီးလာကြတဲ့အတွက် ကျန်းမာရေးမှာ ဆိုး ကျိုးတွေ ဖြစ်လာရပါတယ်။

Oxford တက္ကသိုလ် ကင်ဆာရောဂါသုတေသနဌာနမှ ပါမောက္ခ Tim Key က အနီရောင်ရှိတဲ့ အသား အ မြောက်အများစားသုံးခြင်းဟာ အသင့်ပြုလုပ်ထားတဲ့ ဝက်သားပြားများ၊ ဝက်သားချောင်းများ အနည်းငယ်စားသုံးခြင်းနှင့် တူညီတယ်လို့ ပြောပြခဲ့ပါတယ်။ တစ်ရက်ကို အသင့်ပြုလုပ်ထားတဲ့ အသားချောင်း၊ အသားပြားနဲ့ အနီရောင်အသား ၇၆ ဂရမ် စားသုံးနေတဲ့လူတစ်ဦးဟာ အူမကြီးကင်ဆာရောဂါဖြစ်ပွားမှု ၂၀%အထိ တိုးပွားစေတာဖြစ်ပါတယ်။ ထို့ပြင် အသင့် ပြုလုပ်ထားတဲ့ အသားချောင်း၊ အသားပြား ၂၅ ဂရမ်ကို နေ့စဉ်စားသုံးသူဟာ အနီရောင်အသားပြား ၅၀ဂရမ် နေ့စဉ် စားသုံးသူထက် ကင်ဆာရောဂါဖြစ်နိုင်ချေ ၂၀% ပိုကြောင်းလည်း သိရှိခဲ့ရပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ဖို့ရန်အတွက် အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေစားသုံးပေးရမှာဖြစ်ပြီး မနက်စာအနေနဲ့ အ မျှင်ဓာတ်ပါဝင်တဲ့ ပေါင်မုန့်တွေကို စားသုံးပေးသင့်ကြောင်း သုတေသီတွေကပြောပါတယ်။ အမေရိကန် ကင်ဆာ ရောဂါ ကာကွယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ အမေရိကန်မှာ တတိယအဖြစ်အများဆုံး ရောဂါဟာ ကင်ဆာရောဂါဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ကင်ဆာရောဂါဖြင့် သေဆုံးသူ ၅၁၀၂၀ ဦးအထိရှိနေပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် သုတေသီ များက အသားချောင်းများ၊ အသားပြားများနှင့် အနီရောင်အသားများကို စားသုံးမယ့်အစား လတ်ဆတ်တဲ့ ကြက် သားနဲ့ ငါးများကို စားသုံးဖို့ အကြံပေးခဲ့ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published.