အသင့်သောက်ကော်ဖီမှုန့်အကြောင်း သင်ဘယ်လောက်သိပါသလဲ

ကော်ဖီစစ်စစ်တစ်ခွက်ကို မြန်မာငွေ ၃၀၀၀ လောက် သုံးပြီးပေးသောက်နေရတဲ့ အချိန်မှာ အသင့်သော က်ကော်ဖီမှုန့် တွေက အကောင်းဆုံး ကော်ဖီတစ်ခွက်ကိုမဖန်တီးပေးနိုင်ဘူးဆိုတာ သင်နားလည်မှာပါ။ ဒါပေမဲ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကော်တီဆုန်းဓာတ်  ပမာဏမျှတမှုရှိဖို့အတွက် ကဖင်းဓာတ်တိုး မြင့်ပေးဖို့ လိုလာတဲ့အခါမှာတော့ အသင့် သော က်ကော်ဖီက သင့် အသက်ကို ကယ်နိုင်တယ်ဆိုတာတော့ လူအများသိဖို့ မလွယ်ပါဘူး။ အဲ့ဒီ ကော်ဖီမှုန့်တွေဟာ ကော် ဖီစေ့လို အနံ့အရသာကိုမပေးစွမ်းနိုင်ပေမဲ့ဈေးနှုန်းသက်သာပြီး အလွယ်တကူ သောက်သုံးနိုင်တာ ကြောင့်လူကြိုက် များ လှပါတယ်။

ကော်ဖီတစ်ခွက် ရရှိဖို့ လိုအပ်တဲ့အရာတွေကတော့ ကော်ဖီတစ်ခွက်ထက် မကပိုတဲ့ ရေနွေးပူပူ၊Cream ဒါမှမဟုတ် နို့မှုန့်နဲ့ သကြားတို့ပဲလိုအပ်ပါတယ်။ အသင့်သောက်ကော်ဖီမှုန့်တွေကိုသောက်ဖို့ အပြင် တခြားသောနေ ရာတွေမှာပါ  ထည့်ပြီးအသုံးပြုလို့ရတယ်ဆိုတာသင်သိပါရဲ့လား။မသိသေးဘူးဆိုရင်တော့ ကော်ဖီချစ်သူတွေအတွက် ပြောပြပေးချင်ပါ တယ်။ အသင့်သောက်ကော်ဖီမှုန့်တွေကို ကိတ်မုန့်တွေ၊ မုန့်ပဲသရေစာ တွေပြုလုပ်တဲ့နေရာတွေမှာ သုံးမယ်ဆိုရင်တော့ အရသာရှိတဲ့မုန့်တွေကို ရရှိနိုင်ပါတယ် ။ဒါတင်မကပါဘူး၊ အသားတွေကိုချက်ပြုတ်တဲ့ အခါမှာလည်းဟင်းခတ် အ မွှေးအကြိုင်အဖြစ်အသုံးပြုလို့ရပါသေးတယ်နော်။ကဲ၊ဘယ်နေရာတွေမှာသုံးပြီးအရသာရှိအောင်ဖန်တီးကြမလဲ။

(၁)ချောကလက်Dessert အချိုပွဲတွေကိုပြုလုပ်တဲ့နေရာမှာ ထည့်သုံးနိုင်ပါတယ်။
ချောကလက်နဲ့ မုန့်လုပ်တဲ့အခါ အသင့်သောက်ကော်ဖီမှုန့်တွေကို ထည့်သုံးကြည့်ပါ။ ဥပမာ၊Expresso ကော်ဖီမှုန့်ကို Chocolate Brownies နှင့် Cakesတွေလုပ်တဲ့နေရာမှာ ထည့်သုံးလို့ရပါတယ်။ ကော်ဖီမှုန့်တွေ ထည့်လိုက်လို့ ကော်ဖီအရသာ ထွက်လာမှာ မစိုးရိမ်ပါနဲ့။ ကော်ဖီကိုထည့်ရတဲ့အကြောင်းကတော့ ကော်ဖီဟာချောကလက်ရဲ့ အရသာ ကိုပိုပီး ထူးခြားသွားအောင် လုပ်ပေးနိုင်လို့ပါပဲ။ဒီနည်းလမ်းကိုမုန့်ဖုတ်တဲ့ပညာရှင်တွေက သူတို့ရဲ့ချောကလက် မုန့်တွေ ကို ဖန်တီးတဲ့နေရာမှာထူးခြားတဲ့အရသာကို ပေးစွမ်းနိုင်ဖို့အတွ က်လျို့ဝှက်ချက် တစ်ခုအနေနှင့် ထည့်သုံး တတ်ကြ ပါ တယ်။

(၂)အရသာရှိတဲ့Granola ရရှိအောင် ပြုလုပ်တဲ့နေရာတွေမှာသုံးနိုင်ပါတယ်။
Granolaဆိုတာအနောက်တိုင်းသားတွေမနက်စာ၊Snackအဖြစ်စားသုံးနေကြတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။Granolaထဲကို ကော်ဖီမှုန့်ကိုလက်ဖက်ရည်ဇန်းအနည်းငယ်ခန့်ထည့်ပေးရုံဖြင့် ပုံမှန်စားနေကျနှင့်မတူတဲ့ အရသာမျိုးသင် ရရှိ ပါလိမ့်မယ်။
(၃) အသားနှပ်တဲ့ အနှစ်နဲ့ ဟင်းခတ်အမွှေးအကြိုင်ပြုလုပ်တဲ့နေရာတွေမှာ သုံးပါ။
အသားဟင်းတွေနှပ်ဖို့ပြင်ဆင်တဲ့နေရာမှာကော်ဖီမှုန့်ကို အနှစ်အနေနှင့်သာမက အမွှေးအကြိုင်အဖြစ်ထည့် လို့ရ ပါတယ်။အသားကိုနှပ်ဖို့လိုအပ်တာတွေကတော့ကျိုနှပ်ထားတဲ့ကော်ဖီအနည်းငယ်၊ဇီယာ၊ငရုတ်သီးမှုန့်၊ ငရုတ်ကောင်း မှုန့်စတဲ့Steakတွေမှာအသုံးပြုတဲ့အမွှေးအကြိုင်တွေ(Supermarketတွေမှာရှာဝယ်လို့ရပါတယ်)နဲ့အသားကိုနယ်ပီးချက်ပြုတ်လိုက်မယ်ဆိုရင်အချိန်တိုအတွင်းမှာနူးအိပီးအနံ့အရသာနှင့်ပြည့်စုံတဲ့ဟင်းတစ်ခွက်ကိုရရှိမှာဖြစ်ပါတယ်။ဒီနည်းလမ်းကိုတော့ အိမ်မှာပဲကိုယ်တိုင်အရသာရှိတဲ့ ဟင်းတစ်ခွက်ချက်လိုတဲ့ Steak lover တွေအတွက် ဖော် ပြပေးလိုက်ပါတယ်။
(၄)ကော်ဖီနှင့်ပတ်သက်တဲ့မုန့်တွေပြုလုပ်လိုတဲ့အခါမှာ သုံးနိုင်ပါတယ်။
ကော်ဖီနှင့်ပတ်သက်တဲ့ကွတ်ကီး၊ကိတ်မုန့်၊Mocha ပူတင်း၊Mocha Brownies စတာတွေကို အသင့်သောက်ကော်ဖီ မှုန့်တွေနဲ့ပြုလုပ်လို့ရပါတယ်။
(၅)ကော်ဖီနှင့်ရေခဲချောင်း၊ရေခဲမုန့် လုပ်ရာမှာသုံးနိုင်ပါတယ်။
ကော်ဖီကိုအိမ်မှာအပူအအေးသောက်နေရတာငြီးငွေ့နေပြီလား။အသင့်သောက်expressoစတဲ့ကော်ဖီမှုန့်ကို vanilla ice-cream အပေါ်ကနေကော်ဖီမှုန့်ဖြူးပြီး သုံးဆောင်တာတို့၊ဒါမှမဟုတ် အိမ်မှာအလွယ်တကူ အအေးခံပြီး စုပ်လုံး lollypop၊ ရေခဲချောင်းတို့ကို လုပ်လို့ရပါတယ်။

ကိုးကား-NDTV/food

Leave a comment

Your email address will not be published. Required fields are marked *