အသုံးမပြုရင်တောင် လျှပ်စစ်ဓာတ်သုံးစွဲနေတဲ့ ပစ္စည်းများ

အားသွင်းကြိုးများ

အားသွင်းကြိုးတွေကို ဖုန်းအားမသွင်းဘဲ ပလက်ထိုးထားရင်လည်း အဲ့ဒီအားသွင်းကြိုးတွေက လျှပ်စစ်ဓာတ်ကို သုံးစွဲနေပါတယ်။ ဒါပေမယ့် မီတာခပိုကုန်မှာစိတ်မပူပါနဲ့ သုံးစွဲတဲ့လျှပ်စစ်ပမာဏက အလွန်နည်းပါတယ်။

ဒီဂျစ်တယ်ရုပ်မြင်သံကြားစက်များ

ဒီဂျစ်တယ်ရုပ်မြင်သံကြားစက်တွေကို remove control ကနေ standby mode နဲ့ပဲပိတ်ထားမယ်ဆိုရင်တော့ လျှပ်စစ်ဓာတ်ကို ဆက်လက်သုံးစွဲနေမှာပါ။ ဒါကြောင့် ဒီဂျစ်တယ်ရုပ်မြင်သံကြားစက်တွေကို ပိတ်မယ်ဆိုရင် လုံးဝပိတ်ပစ်ဖို့လိုပါတယ်။ standby mode နဲ့သာ မပိတ်ပါနဲ့။

ရိုးရိုးရုပ်မြင်သံကြားစက်များ

ဒီရုပ်မြင်သံကြားစက်တွေကလည်း remove control ကနေ standby mode နဲ့ပဲပိတ်ထားမယ်ဆိုရင်တော့ လျှပ်စစ်ဓာတ်ကို ဆက်လက်သုံးစွဲနေမှာဖြစ်တာကြောင့် Power ခလုတ်ကို လုံးဝပိတ်ပစ်လိုက်ပါ။

ကွန်ပျူတာနဲ့ Laptop များ

ကွန်ပျူတာတွေနဲ့ Laptop တွေကို ဒီတိုင်းပိတ်လိုက်ရင်လည်း သူတို့ကလျှပ်စစ်ဓာတ်ကို ဆက်လက်အသုံးပြုနေဦးမှာပါ။ ဒါကြောင့် ပလက်ပါဖြုတ်လိုက်တာက ပိုပြီးစိတ်ချရမှာပါ။

Timer ပါတဲ့လျှပ်စစ်ပစ္စည်းများ

Timer ပါတဲ့လျှပ်စစ်ပစ္စည်းတွေက အသုံးမပြုဘဲထားရင်တောင် လျှပ်စစ်ဓာတ်ကို အသုံးပြုနေတတ်ပါတယ်။ သုံးစွဲတဲ့လျှပ်စစ်ပမာဏက အနည်းငယ်များတာကြောင့် မီတာခပိုကုန်နိုင်ပါတယ်။  ဒါကြောင့် ဒီလျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုဘူးဆိုရင်တော့ ပလက်ဖြုတ်ထားလိုက်ပါ။

Leave a comment

Your email address will not be published. Required fields are marked *